Full article

အာရှ ၁ဝ နိုင်ငံတွင် ကားမဂ္ဂဇင်း ထုတ်ဝေနေသော Auto car သည် ၂ဝ၁၄ ခုနှစ်အတွက် အာရှအကောင်းဆုံး ကားဆုအား ရွေးချယ်ခဲ့ရာ ဗြိတိန်ဇိမ်ခံကား အမှတ်တံဆိပ် တစ်ခုဖြစ်သည့်က ရရှိသွားခဲ့ကြောင်း 'autocar.co.uk ဝက်ဘ်ဆိုက်' က ဧပြီ ၂ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

75390lrover

တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ကားမဂ္ဂဇင်းများ ထုတ်ဝေဖြန့်ချိနေသော Auto car သည် အာရှအကောင်းဆုံးကားဆုအား ၂ဝ၁၂ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်အတွက် ဆုကို Audi A6 ၊ ၂ဝ၁၃ ခုနှစ်အတွက် ဆုကို BMW 3-Series တို့က ရရှိခဲ့ပြီး ယခုနှစ်အတွက် ဆုရခဲ့သော Range Rover အနေဖြင့် ပဏာမစာရင်းဝင် ကားအမျိုးအစား ၃၄ စီးကို ကျော်ဖြတ်ပြီးမှ အာရှ၏ အကောင်းဆုံးကား အဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဆန်ခါတင် နောက်ဆုံး ခြောက်စီး စာရင်းတွင် Range Rover နှင့်အတူ Volkswagen Golf ၊ Mercedes-Benz A- Class ၊

Mazda 6 ၊ Jaguar F-Type နှင့် Citroen DS5 တို့ ပါဝင်ခဲ့သည်။ အာရှအကောင်းဆုံး ကားဆု ပေးအပ်ပွဲကို ဧပြီ ၂ဝ ရက်က စတင်ကျင်းပခဲ့သည့် ဘေဂျင်း ကားပြပွဲ တွင် ပြုလုပ်ခဲ့ပြီး Jaguar Land Rover စီအီးအို Ralf Speth ကိုယ်တိုင် တက်ရောက်ကာ Autocar အယ်ဒီတာချုပ် Qin Minghua (တရုတ်)က ဆုချီးမြှင့်ခဲ့သည်။ဆုရွေးချယ်ရာတွင် ပါဝင်ခဲ့သူ Autocar (အိန္ဒိယ) အယ်ဒီတာ Hormazd Sorabjee က Range Rover မှာ ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံကားအမှတ်တံဆိပ်များတွင် တစ်ခုအပါအဝင်ဖြစ်သလို ဝယ်ယူသူများ အကြိုက်တွေ့သောကြောင့် ဆုရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Ref: Automobile

Author