Full article

Batman ရုပ်ရှင်ကားများထဲတွင် မင်းသားစီးသော 'Tumbler' Batmobile ကားနှင့်ပုံစံတူကားကို ဒေါ်လာ ၁သန်းခန့်ဖြင့် ဝယ်ယူနိုင်မည်ဟု သိရသည်။ အဆိုပါ လူ၂ယောက်စီးကားမှာ ရုပ်ရှင်ဇာတ်လမ်းထဲတွင် ပါဝင်သော ကားနှင့်အပြင်ပိုင်း တစ်ပုံစံတည်း တူအောင်တည်ဆောက်ထားပြီး ၅စီးသာ ထုတ်လုပ်မည်ဖြစ်သည်။

Batmobile Replica

ထိုကားတွင် General Motors မှထုတ်လုပ်သော LS series V8 engine ကိုအသုံးပြုထားပြီး ရုပ်ရှင်ထဲတွင်ကဲ့သို့ လက်နက်များ၊ Bat Pod မော်တော်ဆိုင်ကယ်အသေးစား စသည်တို့ပါဝင်မည်မဟုတ်ပေ။ သို့သော် ကားအတွင်းပိုင်းတွင် အသံပိုင်းဆိုင်ရာ စနစ်အကောင်းစားများ၊ DVD player၊ iPod နှင့်ချိတ်ဆက်၍ရသော port၊ Navigation GPS system များစသည်တို့ကို ထည့်သွင်းထားသည်။ ထို့အပြင် မောင်းနှင်သူအဆင်ပြေစေရန်အတွက် ကင်မရာ ၅လုံးတပ်ဆင်ပေးထားသည်။ ဘယ်မောင်းအမျိုးအစားဖြစ်ပြီး ၄၄လက်မတာယာနှင့် custom-build rims တပ်ဆင်ထားပြီး အမေရိကန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါကားသည် နေ့စဉ်လမ်းများပေါ်တွင် သွားလာမာင်းနှင်ရန်အဆင်ပြေမည်မဟုတ်ပဲ ငွေကြေးချမ်းသာသူများ ဝယ်ယူစုဆောင်းရန်အတွက်သာ ပိုမိုဖြစ်နိုင်ပါလိမ့်မည်။

Author