Bapco အမှတ်တံဆိပ် Lubricants မြန်မာနိုင်ငံတွင်တရားဝင်တင်သွင်းရောင်းချမည်

0

Full article

ဘာရိန်းနိုင်ငံထုတ် Bapco အမှတ်တံဆိပ် lubricants များကို KGL Family ကုမ္ပဏီ မှမြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းရောင်းချသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ Novotel ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ Bapco အမှတ်တံဆိပ် ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနားထံမှ သိရသည်။

KGL Family မှတာဝန်ရှိသူတစ်ဦးက " ကျွန်တော်တို့ KGL Family ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံမှာ အင်ဂျင်ဝိုင် ကိုဖြန့်ဖို့ ဆုံးဖြတ်ပြီးနောက် ဘယ်အင် ဂျင်ဝိုင်ကို ရွေးချယ်ရမလဲ လို့စဉ်းစားတဲ့အခါမှာ အဓိကအချက် နှစ်ချက်ကို စဉ်းစားခဲ့ပါတယ်။ ဒါကတော့အရည်အသွေး နဲ့ ဈေးနှုန်းပိုင်းပါ။ ထုတ်လုပ်သူဆီကနေသုံးစွဲသူဆီကိုတိုက်ရိုက် ရောက် နိုင်ဖို့ ဈေးတွေမတက်သွားစေဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် Bapco ကို မြန်မာနိုင်ငံမှာ စတင်ဖြန့်ဖြူး ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူပါတယ်"လို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ကားပိုင်ရှင်များ/ တဆင့်ပြန်လည်ရောင်းချလိုသူများ အတွက် အဆင်ပြေ ချောမွေ့မှုများရှိစေရန် ရန်ကုန်မြို့ရှိမြို့နယ်များစွာသို့ အရောင်းကားများဖြင့် မိဘပြည်သူတို့၏ လက်ထဲ အလျှင်မြန်ဆုံး၊ ဈေးနှုန်းအသက်သာဆုံးဖြင့် အရောက်ဖြန့်ချီပေးတော့မည် ဖြစ်ပါကြောင်း သိရပါသည်။

KGL Family အနေဖြင့် မြန်မာနိုင်ငံတွင် Bapco အမှတ်တံဆိပ် Enginc Oil ; Grease ; Coolant ;Hydraulic Oil ; Auto Gear Oil ; Brake Oil ; Wheeler Oil ; နှင့် Marine Engine Oil များအား တရားဝင်တင်သွင်း ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

B-01

Author