၃၄ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကို ၁၂ ရက်ခန့် ကျင်းပပြုလုပ်မည်

0

Full article

၃၄ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကို ၂ဝ၁၇ နိုဝင်ဘာ ၃ဝ မှ ဒီဇင်ဘာ ၁၁ အထိ ဘန်ကောက်မြို့ IMPACT Challenger ပြပွဲခန်းမကြီးတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော အကြိုသတင်းစာရှင်းလင်းပွဲထံကနေသိရသည်။

   carsdb

       carsdb

ပြပွဲတွင် နိုင်ငံပေါင်း ၉ နိုင်ငံက Toyota, BMW, Mercedes, Nissan, Volvo, Honda, Rolls Royce အစရှိသည့် ကားလုပ်ငန်းပေါင်း ၃၅ ခုနှင့် နိုင်ငံပေါင်း ၈ နိုင်ငံမှ မော်တော်ဆိုင်ကယ်လုပ်ငန်းပေါင်း ၂ဝ တို့ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

carsdb

      carsdb

      carsdb

ပြပွဲသည် ယခင် စက်မှု ဝန်ကြီးဌာန၊ သိပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Dr.Atchaka Sibunruang ချမှတ်ခဲ့သော "ခေတ်သစ်မော်တော်ယာဉ်များ....ဝေးကွာလှသော အိမ်မက် အမှန်တကယ်ဖြစ်လာပြီ" ဆိုသည့် အယူအဆအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 carsdb

 carsdb

   carsdb

ပြပွဲတွင် concept ကားနှစ်စီးနှင့် ကားအသစ် ၂ဝ ကျော်တို့ ပါဝင်ပြသသွားမှာဖြစ်ပြီး အရောင်းမြှင့်တင် ရေး အထူးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

carsdb

  carsdb

 carsdb

ယခု ကျင်းပပြုလုပ်မည့် ၃၄ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင် မော်တော်ယာဉ်အရောင်းပြပွဲ သို့လာရောက်ကြည့်ရှုသူ ၁.၅ သန်းခန့်နှင့် ဘတ် သန်း ၅ သောင်းကျော် ရရှိမည်ဟု ပြပွဲ စီစဉ်သူများက ခန့်မှန်ထားကြောင်းသိရသည်။

   carsdb

carsdb

   carsdb

   carsdb

   carsdb

  carsdb

  carsdb

 carsdb

Author