ဘန်ကောက် လေ့လာခရီးစဉ်နှင့် နောက်ကျကျန်ရစ်နေဆဲ အမိမြေ (၂)

0

Full article

Toyota ဟာ မြန်မာနိုင်ငံကို ၁၉၅၈ မှာ စတင်ဝင်ရောက်ပြီး ထိုင်းနိုင်ငံကိုတော့ ၁၉၆၂ မှ ဝင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူပိုင်းသိမ်းတာ တွေကြောင့် Toyota က ပြန်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့ ကားမူ ဝါဒမရှိခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကားလုပ်ငန်းစုနဲ့ ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ရင်တောင် နှစ် ၅ဝ နီးပါးလောက်နောက်ကျ ကျန်ရစ်ခဲ့ပါပြီ။ ဒါကို အမှီ လိုက်နိုင်ဖို့ ကျွန်တော်တို့တွေ အတော်ရုန်းကန်ရဦးမှာပါ။ ထိုင်းနိုင်ငံဟာ ပြည်တွင်းသုံးနဲ့ ပြည်ပကို တင်ပို့ ရောင်းချဖို့ တစ်နှစ်တစ်နှစ်ကို ကားအစီးရေ နှစ်သန်းနီးပါးလောက် ထုတ်လုပ်တဲ့နိုင်ငံပါ။ မြန်မာနိုင်ငံမှာ တော့ ကားသစ်ဝယ်ယူမှုဟာ ၂ဝ၁၇ ဆိုရင် ၄ထောင်ကျော်ကျော်ပဲရှိပါတယ်။ တပတ်ရစ်ကားတွေဝယ် ယူမှုကတော့ စာရင်းဇယားအတိအကျ ကောက်ယူထားခြင်းမရှိတဲ့အတွက် မသိနိုင်ပါဘူး။

Pres shop

Engine Sub Assembly line

ဒုတိယနေ့ကတော့ Toyota ရဲ့ Ban Pho Plant ရဲ့ ကားထုတ်လုပ်ခြင်း လုပ်ငန်းခွင်အခြေအနေတွေ ကို သွားရောက်လေ့လာရတာပါ။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာ Toyota ကားစက်ရုံ သုံးရုံရှိတဲ့အနက် Ban Pho စက်ရုံကတော့ သက်တမ်းအနုဆုံး စက်ရုံဖြစ်ပါတယ်။ ၂ဝဝ၇ မှာ တည်ဆောက်ခဲ့တဲ့ Ban Pho စက်ရုံဟာ တစ်နှစ်ကို ကား ၂ သိန်း ၂သာင်း ခန့် ထုတ်လုပ်နိုင်ပြီး ၅၆ စက္ကန့်ကို တစ်စီးနှုန်းတပ်ဆင် ထုတ် လုပ်နိုင်ပါတယ်။ Toyota စက်ရုံများရဲ့ စီမံခန့်ခွဲမှုက အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကားတွေကို Just in time ဆိုတဲ့ စနစ်နဲ့ JIDOKA ဆိုတဲ့ စနစ်တို့နဲ့ တပ်ဆင်ထုတ်လုပ်တာပါ။ Just in Time ကတော့ ဂျပန်တွေရဲ့ နာမည်ကြီးစနစ်ပါ။ customer တွေမှာယူတဲ့ ကုန်စည်တွေကို stock မသိမ်းထားဘဲ အပို အလိုမရှိ အချိန်နဲ့ တစ်ပြေးညီထုတ်လုပ်တဲ့ စနစ်ဖြစ်ပါတယ်။ Jidoka ဆိုတာ ဂျပန်အခေါ်အဝေါ်ပါ။ ဂျပန်လို အရည်အသွေး အထပ်ထပ်စစ်ဆေးထုတ်လုပ်ခြင်းလို့ ယေဘူယျအားဖြင့် ဆိုလိုရပါတယ်။ Toyota ဟာ ထုပ်လုပ်တပ်ဆင်မှု အဆင့်တိုင်းမှာ အရည်အသွေးတွေကို အထပ်ထပ် စစ်ဆေးမှုများ ပြုလုပ်ပြီး အရည်အသွေးမပြည့်ဝတဲ့ ကုန်စည်ဆိုရင် ချက်ခြင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Toyota စက်ရုံတိုင်း လိုက်နာကျင့်သုံးနေတဲ့ စနစ်ကောင်းတစ်ခုပါ။

Welding Shop

Paint Shop

ကျွန်တော်တို့တွေကို Ban Pho စက်ရုံက တာဝန်ရှိသူများက စက်ရုံအတွင်း ကုန်ထုတ်လုပ်တပ်ဆင်မှု အခြေအနေတွေကို လိုက်လံပြသပါတယ်။ ဗီဒီယို၊ ဓာတ်ပုံယူသွားခွင့်မပေးပါ။ နောက်မှပဲ သူတို့ ရိုက် ထားတဲ့ ပုံတွေကို ပို့ပေးမယ်လို့ပြောပါတယ်။ ကုန်ထုတ်လုပ်တပ်ဆင်မှု အခြေအနေကတော့ တကယ့် ကို အံသြမှင်သက်စရာပါ။ စက်ရုပ်တွေနဲ့ တပ်ဆင်ပြီး လူတွေက အရည်အသွေးထိန်းသိမ်းမှုတွေကို အသေးစိတ်ပြုလုပ်ပါတယ်။ အဆင့်တွေကတော့ အများကြီးပါပဲ။ ကားကိုယ်ထည် သံပြားထုတ်တာ၊ ဂရေဆော်တာ၊ ဆေးသုတ်တာ၊ အရောင်တင်တာ အဆင့်ဆင့်ပါပဲ။ ကျွန်တော်တို့အတွက်တော့ ဒီလောက်ကြီးတဲ့ စက်ရုံကို ပထမဦးဆုံးအကြိမ်ရောက်ဖူးတာပါ။

ထို့နောက် ကျွန်တော်တို့ကို Ban Pho စက်ရုံအတွင်း တည်ဆောက်ထားတဲ့ biotope နေရာကို ခေါ်ဆောင်သွားပါတယ်။ တကယ့် တောအုပ် လေးလိုပါပဲ။ သစ်ပင်များနဲ့ ပိုးမွှားအကောင်တွေ မွေးမြူထားတဲ့ နေရာလေးပါ။ Toyota သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းမှုကို ပြသတဲ့အနေနဲ့ ထိုသို့သော နေရာမျိုးကို ဖန်တီးထားတဲ့ လူမှုရေးတာဝန်ခံမှု ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုပါ။ ဒါ့အပြင်ကို မကြာခင်က နတ်ရွှာစံသွားတဲ့ ထိုင်းဘုရင်ဟောင်း ဘူမိ ဘောက Toyota က အကြီးအကဲတွေကို ဆန်ထုတ်လုပ်ဖို့ ပြောတဲ့အတွက် ၁၉၉၉ စတင်ပြီး Rachamongkol rick ကုမ္ပဏီကို တည်ထောင်ကာ ဆန်တွေ စိုက်ပျိုးထုတ်လုပ်လာတာ ယခုအချိန် အထိပါပဲ။

Cover Steering Wheel Installation Process

Ban Pho စက်ရုံလေ့လာကြည့်ရှုပြီးနောက်ပိုင်းမှာ ကျွန်တော်တို့တွေဟာ Toyota Motor Asia Pacific Corporation အောက်က Toyota Daihatsu Engineering & Manufacturing company ကို သွား ရောက် လေ့လာခဲ့ပါတယ်။ အဓိကကတော့ သူတို့ရဲ့ company ရဲ့ အကြောင်းနဲ့ လုပ်ဆောင်မှုတွေကို မြန်မာမီဒီယာများသိစေရန်အလို့ဌာ ဖိတ်ခေါ် ရှင်းလင်းတင်ပြတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီတင်ပြမှုထဲ မှာ ကျွန်တော်သဘောကျတဲ့ အပိုင်းကတော့ သူတို့ company ရဲ့သဘောပတ်ဝန်းကျင်ကို ထိန်းသိမ်း မြှင့်တင်တဲ့ လုပ်ဆောင်ချက်အပိုင်းနဲ့ မြန်မာနဲ့ ထိုင်း ကားလုပ်ငန်းစုကို နှိုင်းယှဉ်ဖော်ပြချက်အပိုင်းတို့ပဲ ဖြစ်ပါတယ်။ Toyota ဟာ ၂ဝ၅ဝ သူတို့ရဲ့ ကားတွေကတဆင့် ကာဗွန်ဒိုင်အောက်ဆိုင် ထွက်ရှိနှုန်းကို ၉ဝ ရာခိုင်နှုန်းထိ လျော့ချသွားမယ်လို့ ရည်မှန်းထားပါတယ်။ သူတို့ရဲ့စက်ရုံအားလုံးကိုလည်း ၂ဝ၅ဝ အရောက်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လုံးဝမထွက်အောင် လုပ်ဆောင်သွားမယ်လို့လည်း မျှော်မှန်း ထားပါတယ်။

Assembly Shop

solor panel တွေကတဆင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ထုတ်လုပ်ကာ Toyota စက်ရုံတွေကို လျှစ်စစ်ဓာတ်အားပေးဖို့ စီစဉ်ထားပါတယ်။ နောက်တစ်ခုကတော့ မြတ်တွေ၊ လျှစ်စစ်စွမ်းအင်ထွက်တဲ့ အားလူး၊ ကြံအစရှိတဲ့ သီးနှံတို့ကို အသုံးပြုပြီး ထွက်ရှိလာတဲ့ အညစ်အကြေးအမှိုက်တွေကို ချက်ပြီး ရရှိလာတဲ့ biogas ကဆင့် စက်ရုံတွေကို လျှစ်စစ်ဓာတ်အားပေး ဖို့ပါ။ Toyota ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အဲ့ဒီရည်မှန်းချက် အစီအစဉ်တွေနဲ့ လုပ်ဆောင် နေတာကို တွေ့ရတာ ကျွန်တော်အနေနဲ့ အံ့အားသင့်စေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လျှစ်စစ် စွမ်းအင်မလုံလောက်လို့ ကားထုတ်လုပ်သူတွေ စက်ရုံလာမဆောက်ချင်ကြတဲ့ အချိန်မှာ ထိုင်းနိုင်ငံမှာ တော့ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုင်ဒ်ကို လုံးဝပျောက်သွားဖို့ စီမံကိန်းချ လုပ်ဆောင် နေပြီဖြစ်ပါတယ်။

Water Leakage Checking

Drum Test Process

Shop Andon Board

Customer Satisfaction

နောက်ဆုံးပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ကားမူဝါဒနဲ့ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်အခြေအနေကို ချိန်ထိုးပြီး ရှင်းလင်း ပြောကြားသွားတဲ့ အပိုင်းဖြစ်ပါတယ်။ ထိုင်နိုင်ငံဟာ ၁၉၆၇ ကနေ ယနေ့အထိ နိုင်ငံရဲ့ ဖွံ့ဖြိုးလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကားမူဝါဒတွေကို ပြောင်းလဲခဲ့ပါတယ်။ အစကနေဦးမှာ ပြည်တွင်း စက်မှုလုပ်ငန်းတွေကို ကာကွယ်တဲ့အနေနဲ့ နိုင်ငံခြားကနေ ကားတင်သွင်းမှု အပေါ် အခွန် ၈ဝ ကနေ ၁၅ဝ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ပါတယ်။ ယခုအခါမှာတော့ ပြည်တွင်းဈေး ကွက်ဟာ ခိုင်ခံ့ရင့်ကျက်လာပြီဖြစ်တဲ့အတွက် ပြင်ပနိုင်ငံကနေ ကားတင်သွင်းခြင်းအပေါ် အခွန် ကောက်ခံမှုကို ၄ဝ ကနေ ၈ဝ ရာခိုင်နှုန်းအထိသာ သတ်မှတ်တော့ပါတယ်။ ထိုင်းနိုင်ငံဟာ ကားတစ်စီးတွင် ပါဝင်ရမယ့် အင်ဂျင်၊ ဘော်ဒီ၊ အတွင်းပိုင်း၊ လျှပ်စစ်ပစ္စည်းအစရှိတဲ့ အရာတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ဖို့ မူဝါဒကို အသာပေးချမှတ်ပါတယ်။ ၁၉၉ဝ မတိုင်ခင်မှာ unit ၃သိန်း လောက်သာ ထုတ်လုပ်နိုင်ပေမယ့် ၂ဝ၁၃ အရောက်မှာတော့ unit ၂.၅ သန်း ထုတ်လုပ်နိုင်ပြီဖြစ် ပါတယ်။ ကားတစ်စီးကို ထုတ်လုပ်ဖို့ ပြင်ပနိုင်ငံကနေ ပစ္စည်းများတင်သွင်းစရာ အနည်းအကျဉ်းသာ လို အပ်တော့တဲ့ အခြေအနေဖြစ်နေပါပြီ။


ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကားနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ မူဝါဒ မထွက်ပေါ်သေးပါဘူး။ အဲ့ဒါအပြင် အခြေခံအဆောက်အဦးအားနည်း လွန်းတာကြောင့် ကားလုပ်ငန်းတွေက မြန်မာနိုင် ငံမှာ စက်ရုံဆောက်ဖို့ အတော်လေး စဉ်းစားနေပုံရပါတယ်။ မြန်မာနိုင်ငံရဲ့ ကားဈေးကွက် ကြီးမားလာ မှလည်း ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေက ဒီမှာ လာပြီး စက်ရုံဆောက်ချင်မှာပါ။ ထိုင်းနိုင်ငံလို ပြည်တွင်းမှာပင် ကားပစ္စည်းကို တပ်ဆင်ထုတ်လုပ်နိုင်ပြီး တဖြည်ဖြည်းချင်း ဈေးကွက်ကြီးထွားဖွံ့ဖြိုး လာတဲ့ အခြေအနေမျိုး ဖြစ်အောင် ကျွန်တော်တို့တွေ တော်တော် လုပ်ယူရဦးမှာပါ။ သူများနိုင်ငံကို အားကျမိသလို အရာရာနောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် အားမလိုအားမရဖြစ်မိပါတယ်။ ဒီခရီးစဉ်အပြီး ကျွန်တော်ရရှိလိုက်တဲ့ အသိတစ်ခုကတော့ ငါတို့ တော်တော်နောက်ကျနေပြီဆိုတာပဲ ဖြစ်ပါကြောင်း......။

ဆောင်းဦးကိုကို

Author