Full article

တရုတ်နိုင်ငံ အခြေစိုက် BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီက ၂ဝ၁၄ ခုနှစ်တွင် မောိတော်ယာဉ် အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာ များကို ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့ များတွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Aung Gabar Co.,Ltd မှ သိရှိရပါသည်။

BASIC-Co.Ltd_

Aung Gabar Service Co.,Ltd မှ Managing Director ဦးအောင်စိန်က "၂ဝ၁၄ ခုနှစ် အတွင်းမှာ BAIC ကုမ္ပဏီထုတ် မော်တော်ယာဉ်တွေကို အင်ဂျင်ကနေ ကားဆေး ဘော်ဒီအထိ ပြုပြင်နိုင်တဲ့ After Sale Service စင်တာတွေကို ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးမြို့ကြီးတွေမှာ တိုးချဲ့ ဖွင့်လှစ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။ BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီ၏ အဆိုပါ အထွေထွေ ဝန်ဆောင်မှု အရောင်းစင်တာများကို လာမည့် ဇူလိုင် နှင့်သြဂုတ်လ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း Aung Gabar Service Co.,Ltd မှ Managing Director က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် BAIC ကုမ္ပဏီ၏ 3S စင်တာကို အမှတ် (၁ဝ၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းတောင့် ဗဟန်းမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်နေ့ ကဖွင့်လှစ်ခဲ့သည်။ BASIC ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ကုမ္ပဏီကြီး ၅ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာမနီ အခြေစိုက် Daimler AG၊ တောင်ကိုရီးယား အခြေစိုက် Hyundai ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်လျှက် ရှိသည့်အပြင် ၂ဝဝ၉ ခုနှစ်တွင် ဆာ့ဘ်ကုမ္ပဏီ၏ တာဘိုနည်းပညာအား ဝယ်ယူ အသုံးချပြီး မော်တော်ယာဉ်များတွင် အသုံးပြုခဲ့သည်။ BAIC ကုမ္ပဏီအနေဖြင့် BASIC Motor, FOTO, BMW, BHMC, R&D အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများ ပါဝင်ပြီး Spare Part ထုတ်လုပ်သော လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ မော်တော်ယာဉ် ကုမ္ပဏီများ၏ အရောင်းစင်တာများကို ရန်ကုန်မြို့တွင် အဓိကထား ဖွင့်လှစ် ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။

Ref: News-Eleven.com

Author