ပဲခူး-ရန်ကုန် ရထားနှင့် ရန်ကုန်-ရေး ရထားတို့ကို ပြန်လည်ပြေးဆွဲသွားမည်

0

Full article

မြန်မာ့မီးရထားမှ ပဲခူး -ရန်ကုန် ရထားနှင့် ရန်ကုန် - ရေး ရထားတို့ကို ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-ပဲခူးပြေးဆွဲနေသော RBE ရထားကို ဇူလိုင်လ ၆ ရက်နေ့မှ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ အမှတ် ၁၄ အစုန် RBE ရထားသည် ပဲခူးဘူတာမှ နံနက် ၅ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၈ နာရီ တွင်ရောက်ရှိမည်ဖြစ်ပြီး ၁၃ အဆန် RBE ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီ ၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ပဲခူးဘူတာသို့ ည ၇ နာရီ ၅၅ မိနစ်တွင်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ ပြန်လည်စတင်ပြေးဆွဲခဲ့သည့် ရန်ကုန်-မော်လမြိုင် အမှတ် ၈၁ အဆန် နှင့် ၈၂ အစုန် အမြန်ရထားတို့ကို ဇူလိုင်လ ၆ ရက်နေ့မှ စတင်ပြီး ရေးမြို့အထိ ခရီးစဉ်တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ အမှတ် ၈၁ အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်သို့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရောက်ရှိကာ နံနက် ၇ နာရီတွင် မော်လမြိုင်မှ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ရေးဘူတာသို့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၈၂ အစုန် အမြန်ရထားသည် ရေးဘူတာမှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်ဘူတာသို့ ည ၈ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ၊ မော်လမြိုင်ဘူတာမှ ည ၉ နာရီတွင် ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန် - ပဲခူး လက်မှတ်ခမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၆၀၀ ကျသင့်မည်ဖြစ်ပြီး၊ ရန်ကုန်မှ ရေး အထိ ရထားလက်မှတ်ခမှာ အထက်တန်းတစ်စောင်လျှင် ၆,၄၅၀ ကျပ်နှင့် ရိုးရိုးတန်းတစ်စောင်လျှင် ငွေကျပ် ၃,၂၅၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

Author