Full article

Back To The Future ဆိုတဲ့ ရုပ်ရှင်ကားဟာ 1980 ကျော်ကာလတုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အခုအချိန်မှာ အသက် (၃ဝ) နီးပါးရှိနေပြီဖြစ်တဲ့ လူလတ်ပိုင်းအရွယ်တွေ အတော်များများကြည့်ဖူးတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်.။

ဒီကားဟာ Back to The Future I,II,III ဆိုပြီး (၃) ကားထွက်ရှိခဲ့တာဖြစ်ပါတယ်.။ ဒီကားတွေထဲက ဒုတိယမြောက် ကားထဲမှာ ဇာတ်ကောင်များဟာ သူတို့ရဲ့ တကယ့်အချိန်ကနေ အနာဂတ်ကာလကို ခရီးသွားခဲ့ပါတယ်.။ သူတို့သွားခဲ့တဲ့ နေ့ရက်ကတော့ October 21, 2015 ဖြစ်ပါတယ်.။ ဒီ Date ဟာ ကျွန်တော်တို့ အတွက် မနေ့က ဖြစ်ပြီး အနောက်နိုင်ငံများအတွက်တော့ ဒီနေ့ ဖြစ်ပါတယ်.။ ဒါကြောင့် အနောက်နိုင်ငံက မီဒီယာတွေနဲ့ Brand တွေ အတော်များများဟာ ဒီနေ့ကို Back To The Future Day အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်အနေနဲ့ Advertising တွေ Campaign တွေ ပြုလုပ်နေကြပါတယ်.။

Standford University က ကျောင်းသားများကလဲ Back To The Future ကားထဲမှာ Time Machine အဖြစ် အသုံးပြုခဲ့တဲ့ DeLorean ကားကို Modify ပြုလုပ်ခဲ့ပြီး အလိုအလျောက် Drift ဆွဲနိုင်တဲ့ ကားအဖြစ် အသွင်ပြောင်းခဲ့ပါတယ်.။ သူတို့ဟာ ဒီကားကို ရုပ်ရှင်ကားထဲက ဇာတ်ကောင်အမည်အတိုင်း MARTY လို့ ပေးခဲ့ပြီး ဈေးနှုန်းအားဖြင့် $22000 သတ်မှတ်ခဲ့ပါတယ်.။

ဒီကားရဲ့ Auto Drift ဆွဲတဲ့ Video ကိုတော့ အောက်က Youtube Link မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်.။

https://youtu.be/WNIDcT0Zdj4

Ref: The Next Web

Written by: အောင်မွန်ချမ်း

www.carsdb.com

No. 1 Car Site in Myanmar

Author