Full article

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်မြို့တွင်းခရီးသည်များအတွက် အ မြန်ယာဉ်စနစ် (Bus Rapid Transit – BRT) အဖြစ် ပြောင်းလဲပြေးဆွဲရန် ရောက်ရှိနေသည့်ကားများမှာ အများပြည်သူများ စီးနင်းနေကြသည့် သာမန်ယာဉ်များသာဖြစ်ကြောင်း မြို့တွင်းရှိ ပုဂ္ဂလိကယာဉ်ပိုင်ရှင်အများစုက ဝေဖန်ပြောကြားလိုက်သည်။

6994491862_d0ec3c2df5

ဇူလိုင်လနောက်ဆုံးပတ်မှ စတင်ကာ ရန်ကုန်မြို့သို့ရောက်ရှိနေပြီဖြစ်သည့် BRT စနစ်ဖြင့် ပြေးဆွဲမည့်ယာဉ်များမှာ နိုင်ငံတကာတွင် သုံးစွဲ နေကြ သည့် ယာဉ် များကဲ့သို့ မော်ဒယ်လ်မြင့်မှုမရှိဘဲ ပြည် တွင်း၌ လက်ရှိပြေးဆွဲနေသည့် ယာဉ်ပုံစံအတိုင်းသာ ဖြစ်နေသည့်အတွက် ယခုကဲ့သို့ဝေဖန်နေကြ ခြင်းဖြစ်ကြောင်း သိရသည်။

၃၉ ယာဉ်လိုင်းပိုင်ရှင် ဦးတင် မောင်ထွဋ်က "မြန်မာပြည်မှာ BRT စနစ်အတွက်သုံးမှာက အခုပြေး ဆွဲနေတဲ့ မေတ္တာလှိုင်းတို့မှာပြေးဆွဲ နေတဲ့ ကိုရီးယားကသွင်းတဲ့ ဟွန် ဒိုင်းကားကိုပဲသုံးမှာ။ BRT အ မည်ခံပြီးတော့ ကုမ္ပဏီနဲ့ပေါင်း ပြီး ကားခပိုတောင်းတဲ့သဘော ဖြစ်နေတယ်"ဟု ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ခရီးသည်များအနေဖြင့် ဘတ်စ်ကားများစီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရသည့်အတွက် ခရီးသည် များ အချိန်ကုန်သက်သာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါစနစ်ဖြစ်ထွန်းအောင်မြင်စေရန်အတွက် နိုင်ငံ တော်မှ လမ်းကြောများ၊ မီးပွိုင့် များ၊ bus-stand များနှင့် လူကူး ခုံးကျော်တံတားများ ပြုလုပ်ပေး ရန်လိုအပ်သည့်အတွက် မြန်မာ နိုင်ငံအတွင်း ယခုနှစ်တွင်ကျင်းပ မည့် ဆီးဂိမ်း အမှီ တွင် အဆိုပါစနစ်အောင်မြင်နိုင်မည် မဟုတ်သေးကြောင်း ယာဉ်ပိုင်ရှင်များ က ထောက်ပြပြောဆိုသည်။ မထသဌာနခွဲ(၆)မှ ၅ဝ ယာဉ် လိုင်းပိုင်ရှင် ဦးဟန်စိုးက "ကားချင်းအတူတူ လမ်းကြောပါရှင်းပေးပြီးတော့ ယာဉ်စီးခ ၃ဝဝ သတ်မှတ်ပေးတာ အံ့ဩစရာဖြစ်နေတယ်။ ကားအမျိုးအစားလဲတူတယ်။ စက်သုံးဆီသုံးတဲ့ စီအမ်ဂျီလဲတူတယ်။ ကျွန်တော်တို့ဘက်ကို ၅ဝပေးပြီး ဒီကုမ္ပဏီပိုင်ကားကို ၃ဝဝ သတ် မှတ်ပေးပြီးတော့ နားလှည့်ပါး ရိုက်လုပ်နေတယ်လို့ မြင်တယ်"ဟု ဆိုသည်။

ယင်းစနစ်ကို အကောင်အထည်ဖော်ပါက ယင်းလိုင်းအတွက် သီးသန့်ယာဉ်ကြောတစ်ခု သတ် မှတ်ပေးရမည်ဖြစ်သည့်အတွက် အဆိုပါယာဉ်ကြောတွင် ယင်းလိုင်း မှအပ မည်သည့်ယာဉ်မျှဝင်ရောက် ပြေးဆွဲခွင့်မရှိကြောင်း သိရသည်။ ယင်းသို့ မည်သည့်ယာဉ်မျှ ဝင်ရောက်ပြေးဆွဲခြင်း မရရှိသည့် အတွက် ယင်းယာဉ်ကြောတွင် ယခင်ပြေးဆွဲနေသည့်ယာဉ်များမှာ တခြားယာဉ်ကြောများသို့သွားရောက်ပြေးဆွဲရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ယခုထက်ပိုမိုများလာနိုင်ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များကသုံးသပ်ပြောဆိုသည်။

Yangon Media Group မှ ကူးယူဖော်ပြသည်။ By မာန်ယုကျော် (ရွှေဝမြေ)

Photo credit by George

Author