AYA SUPER FINANCE PROGRAM သက်တမ်းတိုးလက်မှတ်ရေးထိုးပွဲအထိမ်းအမှတ်နှင့် အရောင်းကိုယ်စားလှယ်များအား ဂုဏ်ပြုညစာစားပွဲအခမ်းအနား

0

Full article

AYA SUPER FINANCE PROGRAM  သက်တမ်းတိုးလက်မှတ်ရေးထိုးပွဲ အထိမ်းအမှတ်နှင့် အရောင်းကိုယ်စားလှယ်များအား ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလ ၃ ရက်နေ့တွင် Novotel Yangon Max Hotel တွင်ကျင်းပခဲ့သည်။

ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ကာ Suzuki မော်တော်ယာဉ်များကို တင်သွင်းရောင်းချလျက်ရှိသော မိတ်ဖက်လုပ်ငန်းရှင်များအား AYA Super Suzuki Finance program သက်တမ်းတိုးလက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ထိုနေ့ညနေ့ ၇:၃၀ တွင် စတင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ AYA Bank, AYA Myanmar Insurance (AMI) , Suzuki Myanmar နှင့် မြန်မာနိုင်ငံအနှံ့အပြားမှ Suzuki အရောင်းကိုယ်စားလှယ်များနှင့် မိတ်ဖက်များ အထူးဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် AYA Bank ၏ Managing Director ဦးမြင့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Suzuki Motor Myanmar ၏ Managing Director  Mr. Keiichi Asano မှလည်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့နောက် AYA Bank မှ Suzuki မော်တော်ယာဉ် အရောင်းကိုယ်စားလှယ်တော်များအား ရောင်းအားအကောင်းဆုံးဆု၊ Top Performance ဆုများချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား အကအလှများ၊ အစားအသောက်များ၊ တေးသီချင်းများဖြင့် တင်ခင်းဧည့်ခံခဲ့သည်။

အဆိုပါအခမ်းအနားကို AYA Myanmar Insurance (AMI) မှလည်း အတူတကွ ပါဝင်အားဖြည့်ကူညီခဲ့ကြောင်းသိရသည်။

Author