AYA Bank မှ ‌‌အရစ်ကျချေး‌ငွေအတိုးနှုန်း‌‌‌များ‌လျှော့ချသတ်မှတ်ပြီး ချေး‌ငွေပြန်လည်ပေးဆပ်ခြင်းကာလကို ၃ လတိတိဆိုင်းငံ့

0

Full article

AYA Bank ၏ အရစ်ကျချေးငွေဝန်ဆောင်မှုကို အသုံးပြုနေသည့် AYA Bank Customer များအတွက် အတိုးနှုန်းအသစ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစတင်ကာ‌ လျှော့ချပြင်ဆင်သတ်မှတ်လိုက်ကြောင်းသိရသည်။

ယခုလတ်တလောဖြစ်ပေါ်နေသော COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ဖြစ်ပေါ်လာမည့်အခက်အခဲများကို တစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီရန် ယခင်ကောက်ခံ‌နေသော အတိုးနှုန်း ၁၃ ရာခိုင်နှုန်း မှ ယခု ၁၁.၅  ရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချသတ်မှတ်လိုက်ကြောင်း ‌AYA Bank မှ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

AYA Bank မှ ‌Home Loan နှင့် Auto Loan ချေးငွေအရင်းပြန်လည်ပေးဆပ်ခြင်းကို ၃ လတိတိဆိုင်းငံ့ပေးထားမည်ဖြစ်ပြီး အတိုးနှုန်းများထပ်မံပြောင်းလဲမှုရှိပါက အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Author