ကမ္ဘာ့နာမည်ကြီး မော်တော်ယာဉ်ငှားရမ်းဝန်ဆောင်မှုပေးသည့် AVIS Myanmar မိတ်ဆက်ပွဲအခမ်းအနား

0

Full article

ကမ္ဘာ့နာမည်ကြီး မော်တော်ယာဉ်ငှားရမ်းဝန်ဆောင်မှုပေးသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သော AVIS ၏ မြန်မာနိုင်ငံတွင်ဈေးကွက်ချဲ့ထွင်မှုအဖြစ် AVIS Myanmar မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် Chatrium Hotel Royal Lake Yangon ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr. Scot Marciel နှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mrs. Suphatra Srimaitreephithak တို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး AVIS ASIA Licensee Manager Mr. James Richmond နှင့် RMA Group COO and Country Manager Mr. Chris Manley တို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ AVIS Myanmar သည် RMA Group ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ကာ နောက်ဆုံးပေါ်ကားမျိုးစုံကို ရက်တို၊ ရက်ရှည် ငှားရမ်းဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး စီးပွားရေးအတွက်သာမက ကုန်သွယ်ရေးယာဉ်ကြီးများအထိပါ ကားအမျိုးအစားစုံလင်စွာဖြင့် self-drive ဖြစ်စေ၊ ကျွမ်းကျင်ယာဉ်မောင်းများနှင့်တစ်ပါတည်းဖြစ်စေ ငှားရမ်းဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

AVIS Myanmar ရုံးချုပ်ကို ရန်ကုန်မြို့၊ Inya Lake Hotel တွင် ဖွင့်လှစ်ထားရှိပြီး
AVIS သည် ကားငှားရမ်းဝန်ဆောင်မှုလုပ်ငန်းတွင် ကာလကြာရှည်စွာ တီထွင်ဆန်းသစ်မှုများဖြင့် ရပ်တည်နေခဲ့ကာ နိုင်ငံပေါင်း ၁၈၀ အတွင်း နေရာပေါင်း ၁၁,၀၀၀ ကျော်တွင် စိတ်ကြိုက်ငှားရမ်းနိုင်ကြောင်း သိရသည်။

Author