Full article

Chevrolet ဟာ အနာဂတ်မှာ မောင်းနှင်မယ့်ကားတွေရဲ့ ရှေ့ပြေးပုံစံလို့ ပြောနိုင်တဲ့ Auto မောင်းနှင်နိုင်တဲ့ကားတစ်မျိုးကို Shanghai Motor Show 2015 မှာ ထုတ်ဖော်ပြသလိုက်ပါတယ်.။ FNR Concept လို့ခေါ်တွင်တဲ့ ဒီကားဟာ တရုတ်နိုင်ငံမှာ Chevrolet ကုမ္ပဏီဝင်ရောက်ခဲ့တဲ့ 10 နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး Shanghai မြို့မှာရှိတဲ့ GM ရဲ့ Pan Asia Technical Automotive Center မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်.။

အနာဂတ်အတွက် ရည်ရွယ်ထားတဲ့ဒီကားဟာ လူငယ်ကြိုက်ဒီဇိုင်းဖြစ်ပြီး ထူးခြားတဲ့အပြင်အဆင်နဲ့ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်.။

the-fnrs-designers-aimed-to-create-a-unique-and-innovative-vehicle-for-the-young-consumers-of-the-future-500x281

အတွင်းခန်းတွေကို ကြည့်ခြင်းအားဖြင့် ခေတ်ရှေ့ပြေးတဲ့ နည်းပညာတွေ အသုံးပြုထားတယ်ဆိုတာ သိသာနိုင်ပါတယ်.။

crazy-looks-aside-the-fnr-boasts-some-truly-futuristic-technology-500x333

FNR ရဲ့ ဒီဇိုင်းပိုင်းထူးခြားချက်တွေထဲမှာ dragonfly လို့ အမည်ပေးထားတဲ့ တံခါးတွေလဲ ပါပါတယ်.။

among-the-fnrs-signature-design-elements-are-its-dual-dragonfly-swinging-doors-500x281

အတွင်းပိုင်းဟာ ကျယ်ဝန်းပြီး အလိုအလျှောက်မောင်းနှင်တဲ့ စနစ်ကို ပြောင်းလဲမယ်ဆိုရင် ခုံတွေကို မျက်နှာချင်းဆိုင် ပြောင်းလဲနိုင်ပါတယ်.။

transform-into-a-lounge-style-arrangement-when-the-car-is-in-autonomous-mode-500x375

အလိုအလျောက်မောင်းနှင်တဲ့ စနစ်ကို အသုံးပြုဖို့အတွက် FNR ရဲ့ အမိုးမှာတပ်ဆင်ထားတဲ့ Sensor တွေမှတဆင့် ပတ်ဝန်းကျင်ကို ပုံဖော်ပေးနိုင်ပါတယ်.။

so-how-does-this-autonomous-mode-work-the-fnr-features-a-set-of-roof-mounted-sensors-that-map-out-the-cars-environment-500x250

စတီယာရင်မပါဝင်ဘဲ Gesture နဲ့ထိန်းသိမ်းနိုင်ပြီး Auto နဲ့ Manual စနစ်ကို ပြောင်းလဲနိုင်ပါတယ်.။

the-driver-can-switch-between-manual-and-autonomous-mode-by-using-a-gesture-control-system-500x333

ဘီးမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မော်တာများမှ စွမ်းအင်ထုတ် မောင်းနှင်တာဖြစ်ပြီး ဘီးများမှာ Hub တွေမပါဝင်ပါဘူး.။

power-for-the-fnr-comes-from-a-set-of-magnetic-hubless-wheel-electric-motors-500x332

ကားကို ပလပ်ထိုးအားသွင်းစရာမလိုဘဲ wireless auto-charging စနစ်နဲ့ အလိုအလျောက်အားသွင်းနိုင်တာလဲ ထူးခြားချက်တစ်ခုဖြစ်ပါတယ်.။

even-better-the-electric-fnr-will-not-need-to-be-plugged-in-thats-because-it-is-equipped-with-a-wireless-auto-charging-system-500x333

ဒါ့အပြင် သော့လဲ မလိုအပ်ဘဲ မောင်းနှင်သူရဲ့ မျက်လုံးကို အာရုံခံပြီး သော့ဖွင့်မောင်းနှင်နိုင်တဲ့ စနစ်ကိုလဲ ထည့်သွင်းထားပါတယ်.။

to-get-the-fnr-going-chevy-has-given-the-concept-an-iris-recognition-system-500x281

ဒါတွေအပြင် Personal Assistant စနစ်လဲပါဝင်ပြီး သွားချင်တဲ့နေရာကို အမြန်ဆုံးရောက်နိုင်မယ့် လမ်းရွေးချယ်ခြင်း၊ Traffic ကျပ်တဲ့နေရာများကို ရှောင်တိမ်းခြင်း စသည်တို့ကို အလိုအလျောက် လုပ်ပေးနိုင်ပါတယ်.။

one-really-cool-interior-feature-is-chevys-intelligent-personal-assistance-function-which-can-plan-routes-based-on-a-drivers-exact-needs-500x375

နောက်ဆုံးအနေနဲ့ အရမ်းမိုက်တဲ့ ရှေ့မီးသီးတွေလဲ ပါဝင်ပါသေးတယ်.။

and-finally-the-crystal-laser-headlights-look-awesome-500x250

MyanmarCarsDB ပရိသတ်များ.. ဒီကားကို ရန်ကုန်မြို့လမ်းမတွေပေါ်မှာ မောင်းနှင်မယ်ဆိုရင် ဖြစ်နိုင်မဖြစ်နိုင် Comment လေးပေးခဲ့ကြပါဦးခင်ဗျာ.။

Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author