Auto China 2020 ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိနေ

0

Full article

Covid 19 ကပ်ရောဂါတွေအကြား ခေတ္တဆိုင်းငံ့မှုတွေဘယ်လိုပဲရှိခဲ့ပါစေ တရုတ်နိုင်ငံရဲ့ကားပြပွဲ Auto China 2020 ကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ကစတင်ပြီး မြို့တော်ဘေဂျင်းမှာ စည်စည်ကားကားနဲ့ ကျင်းပနေပါပြီ။ အောက်တိုဘာလ ၅ ရက်နေ့အထိကျင်းပသွားမှာပါ။

ဂျနီဗာနဲ့ ဒက်ထရိုက်မှာကျင်းပမြဲ ကားပြပွဲတွေဟာ covid 19 ကပ်ရောဂါကြီးကြောင့် ရွေ့ဆိုင်းမှုတွေနဲ့ ဖျက်သိမ်းမှုတွေပြုလုပ်ခဲ့ကြရပေမဲ့လည်း ဘေဂျင်းမှာ ကျင်းပတဲ့ Auto China 2020 ကျင်းပလိုက်နိုင်တာကတော့ ကားချစ်သူတွေအတွက် လပေါင်းများစွာစောင့်မျှော်နေရတဲ့ပွဲတပွဲ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

UBS ရဲ့ လေ့လာသူ Paul Gong က “အခုပွဲဟာ ဒီနှစ် တနှစ်လုံးအတွက် တခုတည်းသော ကမ္ဘာ့အဆင့် မော်တာကားပြပွဲဖြစ်သွားနိုင်ပါတယ်။ ကျန်ခဲ့တဲ့လပေါင်းများစွာအတွင်း ထုတ်လုပ်ခဲ့ကြတဲ့ ကားမော်ဒယ်သစ်များစွာရှိခဲ့ပြီး အားလုံးဟာ အခုပွဲကိုပဲ အာရုံစိုက်ခဲ့ကြတော့တာကို တွေ့ကြရမှာပါ။ ဒါဟာ တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာ့မော်တော်ယာဉ်လုပ်ငန်းစုကြီးတခုလုံးအတွက်ပါ သိပ်အရေးကြီးပါတယ်။” ဟု DW ကိုပြောကြားလိုက်ပါတယ်။

ပြပွဲမှာ ဂျာမနီ ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ Volkswagen နဲ့ သူပိုင်အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ Porsche နဲ့ Audi ၊ Daimler ရဲ့ Mercedes-Benz ၊ နောက် BMW တို့ဟာ သူတို့ရဲ့နောက်ဆုံးထုတ် ကားမော်ဒယ်များ ဝင်ရောက်ပြသခဲ့ပြီး အများစုကတော့ EV လို့ခေါ်တဲ့ လျှပ်စစ်ကားတွေဖြစ်ကြပါတယ်။

Volkswagen ရဲ့ ပြောရေးဆိုခွင့်ရှိသူ Min Xie က “တရုတ်နိုင်ငံက ဝယ်ယူသုံးစွဲသူတွေဟာ အခြားဈေးကွက်တွေကသူတွေနဲ့ နှိုင်းယှဉ်ရင် အသက်အရွယ်အားဖြင့် ပိုပြီးငယ်ကြတယ်။ သူတို့ဟာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုဖို့ မျှော်လင့်ထားကြပြီး (အင်တာနက်လိုမျိုး) ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပိုမိုပါဝင်တာကိုလည်း လိုလားကြတယ်။ ဒီအတွက် VW ရဲ့ MEB (Modular Electric-Drive Matrix) platform ကိုအခြေခံပြီး ပထမဆုံးထုတ်လုပ်လိုက်တဲ့ ID4 electric SUV တွေဟာ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းနေတာပါ။” လို့ ဆိုလိုက်ပါတယ်။

စတုဂတ်အခြေစိုက် Daimler ကတော့ သူတို့ရဲ့နောက်ဆုံးထုတ်ကုန် S-Class အပါအဝင် ကားမော်ဒယ် ၂၄ မျိုးဝင်ရောက်ပြသခဲ့ပါတယ်။ Daimler ကတော့ တရုတ်ကားထုတ်လုပ်ရေး BYD နဲ့ တရုတ်နိုင်ငံအတွင်းထုတ်လုပ်မယ့် DENZA အမှတ်တံဆိပ်အတွက် ရေရှည်လက်တွဲလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

Ref. & Photo Credit to : Auto China 2020: German carmakers look to switch gears

Photo Credit to :

New York Times

QUARTZ

TheNewsMarket

Bloomberg

Author