ယာဉ်အချက်ပြမီးပွိုင့် ၃၂ ပွိုင့် အော်တို စနစ်ဖြင့် စတင်ထိန်းချူ ပ်နေ

0

Full article

![](/redline/content/images/2017/05/Yangon-traffic-police-car-signal-automobile-transport-300x216.jpg)

လူထိန်းချူပ်မကိုင်တွယ်တော့ဘဲ ယာဉ်အချက်ပြမီးပွိုင့် ၃၂ ပွိုင့် အော်တို စနစ်ဖြင့် စတင်ထိန်းချူ ပ်နေပီဖြစ်တယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မော်တော်ယာဉ်များ သွားလာရာတွင် ယာဉ်ကြောပေါ်မူတည်၍ မီးအချက်ပြစနစ်ကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကနေ လုပ်ဆောင်နေရာကနေ အော်တိုစနစ်အသုံးပြု လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင် ယာဉ်အချက်ပြမီးပွို် င့် ၁၅၄ ခုရှိနေရာ ယခုအော်တိုစနစ်ဖြင့် မီးပွိုင့် အား နည်းပညာအကူအညီဖြင့် လုပ်ဆောင်နေတဲ့ မီးပွိုင့် ၃၂ ခုကို သာလုပ်ဆောင်နေပြီး မကြာမီ ရန်ကုန်တစ်မြို့လုံး ယာဉ်အချက်ပြ မီးပွိုင့်များကို လုပ်ဆောင်သွားမှာဖြစ်ကြောင် းသိရပါတယ်။ ထိုစနစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တာဝန်ယူ လုပ်ဆောင်နေရာ နည်းပညာရေးဆွဲခြင်းနဲ့ ဆော့ဝဲပိုင်းဆိုင်ရာများ ခေတ်မှီကင်မရာများ တပ်ဆင်အသုံးပြုဆောင်ရွက်ရန် မြန်မာရွှေယင်း ကုမ္ပဏီကနေ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့သိရသည်။ ယခုအသုံးပြုနေတဲ့ အော်တိုစနစ်ထိန်းချူ ပ်နေသည့် ယာဉ်အချက်မီးပွိုင်များသည် စတင်လုပ်ရာတွင် နည်းပညာပိုင်းဖြင့်သာ လုပ်ဆောင်နေပြီး ရန်ကုန်တစ်မြို့လုံးတွင်လည်း ကင်မရာ အလုံးရေ ၂ဝဝ ကျော်တပ်ဆင်ထားရှိတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author