ပြည်ပတင်သွင်းယာဉ် ရုပ်ပြောင်း ကားများ ကို catalogue ပါအတိုင်းတိုက်ဆိုင်စစ်ဆေး၍ ကနဦးယာဉ်မှတ်ပုံတင်ပြုလုပ်ပေးမည်

0

Full article

ပြည်ပမှတင်သွင်းလာသော ရုပ်ပြောင်း ကားများ ကို Catalogue ပါရှိတဲ့အတိုင်းတိုက်ဆိုင်စစ်ဆေး၍ ကနဦးယာဉ်မှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ပြည်ပတင်သွင်းယာဉ်များနှင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်သော ကားများအား မူလစက်ရုံမှ ထုတ်ပေးထားသော catalogue အတိုင်း တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ရာ ရုပ်ပုံစံကွဲပြားတင်သွင်းလာသော ကားများကို မူလပုံစံပြန်လည်ပြင်ဆင်လုပ်ဆောင်ပြီးမှသာ ကနဦးယာဉ်မှတ်ပုံတင် ပြုလုပ်ပေးသွားမည်ဟု သိရသည် ။

"ကားတစ်စီးဟာ မူလစက်ရုံထုတ်ပုံစံအတိုင်း model year ဖြစ်ရမယ်။ ကားရုပ်လွဲလို့မရပါဘူး။ ယာဉ်ရဲ့ခုနှစ်ပုံစံ(ရုပ်)၊ တင်အားတွေကို မူလစက်ရုံထုတ်ပုံစံနဲ့ မတူညီရင်ကနဦးယာဉ်မှတ်ပုံတင်ထားတာကို လုံးဝဆောင်ရွက်ပေးမှာမဟုတ်ပါဘူး။ စက်ရုံကထုတ်ပေးတဲ့ catalogue အတိုင်း တိုက်ဆိုင်စစ်ဆေးသွားပါမယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပကတင်သွင်းလာသော ကားများအနက် Landcruriser ကားများနှင့် Toyota Max X ကားများမှာ ရုပ်ပြောင်းထားသော ကားများဖြစ်နေသည့်အတွက် နေပြည်တော်ကညနထံ တင်ပြထားရှိပြီး တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်နေရာ မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ modify လုပ်ဆောင်ထားသော ရုပ်ပြောင်းကားများကို မှတ်ပုံတင်လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း သိရသည်။

Regulation

Author