ယာဉ်မောင်းလိုင်စင် smart card အမျိူးအစားအားလုံး နိုဝင်ဘာလမှစ၍ ကျပ်သောင်းဂင်္ဏန်းထိ တိုးမြင့်ကောက်ခံသွားမည်

0

Full article

ကုန်းလမ်းပို့ဆောင်ရေး ညွန်းကြားမှုဦးစီးဌာနသည် အများပြည်သူလမ်းမများပေါ်တွင် မော်တော်ယာဉ်အမျိူးအစားအားလုံး မောင်းနှင်နိုင်ရန် ယာဉ်မောင်းလိုင်စင် smart card အမျိူးအစားအားလုံးထုတ်ပေးမှုကို နိုဝင်ဘာမှစ၍ ကျပ်သောင်းဂင်္ဏန်းထိ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ယခုအခါတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုအောင်မြင်ပြီးပါက ယာဉ်မောင်းလိုင်စင် smard card အမျိူးအစားများအားလုံးကို ကျပ် ၁သောင်း ဝန်းကျင်ခန့်သာကျသင့်နေရာမှ နိုဝင်ဘာလကစ၍ ကျပ် ၅ သောင်းဂင်္ဏန်းအထိ အကြမ်းမျဉ်းတိုးမြင့်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

" ယာဉ်မောင်းလိုင်စင်အမျိူးအစားတွေအားလုံးကို အသစ်ထုတ်ပေးတာမှာ ရာဂဏန်းတွေကနေ ထောင်ဂဏန်းတွေ အထိ တိုးပြီးကောက်ခံမှာပါ။ နိုဝင်ဘာလကစပြီး ကောက်ဖို့များပါတယ်။ တိုးမြင့်တဲ့နှုန်းတွေကို အတိအလင်းကြေငြာပေးမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ယာဉ်မောင်းလိုင်စင်ထုတ်ပေးရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြေကြားသည်။

ယခုနှစ်အထိ ယာဉ်မောင်းလိုင်စင် က,ခ,ဂ,ဃ,င,ဌ အမျိူးအစားအရေအတွက် ၇၇ဝ,ဝဝဝကျော် ထုတ်ပေးထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သင်မောင်းလိုင်စင် ရရှိထားသူသည် ၃ လပြည့်ပါက ယာဉ်မောင်းလိုင်စင်အနက်ရရှိရန် ဖြေဆိုလျှောက်ထားရာတွင် ယာဉ်မောင်းသင်တန်းဆင်းလက်မှတ် လိုအပ်ပြီး ထိုလက်မှတ်မရှိပါက ကညနတွင် ယာဉ်မောင်းသင်တန်းပို့ချမှုလာရောက်တက်ရမည်ဖြစ်ရာ ရေးဖြေဖြေဆိုရန် online စနစ်ကို လျှောက်ထား၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မေးခွန်း၁ဝဝ အား ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author