ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း အောက်တိုဘာလ ၁ ရက်ကစ၍ ယာဉ်ရပ်နားခ တစ်နာရီ ၂ဝဝ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ ကန့်သတ်ဇုန် ( Paking Pestricted Zone) ၈ ဇုန်အတွင်း အောက်တိုဘာလ ၁ ရက်ကစ၍ ယာဉ်ရပ်နားခကောက်ခံခြင်းကို ယာဉ်တစ်စီးလျှင် တစ်နာရီ ၂ဝဝ ကျပ်နှုန်းဖြင့် သတ်မှတ်ချိန်အတွင်း (မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ) ကောက်ခံသွားမည်ဖြစ်ရာ သတ်မှတ်ပြင်ပ အချိန်များတွင် အခမဲ့ရပ်နားခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေငြာထားရှိသည်။အဆိုပါ ရန်ကုန်မြို့နယ် စည်ပင်နယ်နမိတ်ဧရိယာ downtown ၆မြို့နယ်အတွင်း ယာဉ်ရပ်နားခများပြန်လည်ကောက်ခံရန်အတွက် ယာဉ်ရပ်နားကန့်သတ်ဇုန် ( Paking Pestricted Zone) ၈ ဇုန် တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် အဌားချထားမည်ဖြစ်ရာ ဈေးပြိုင်တင်ဒါစည်းကမ်းချက်နှင့် လျှောက်လွှာပုံစံများကို ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊မြို့တော်ခန်းမ ၊ဒုတိယထပ် ၊အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်းစက်တင်ဘာလ ၁၄ ရက်အထိ တင်ဒါပုံစံရောင်းချပေးသွားမည်ဖြစ်ပြီး စက်တက်ဘာလ ၂ဝ ရက်တွင် တင်ဒါဖောင်ပိတ်၍ လျှောက်ထားသော တင်ဒါများကို တင်ဒါစိစစ်ရွှေးချယ်ရေးကော်မတီ က ရွေးချယ်လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည်။

"ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ ယာဉ်ရပ်နားခ ကောက်ခံတာကို အောက်တိုဘာ ၁ ရက်ကစပြီး ကောက်ခံသွားမှာပါ။ လွတ်တော်မှာလည်း မြို့တော်ဝန်က ပြောထားပြီးသားပါ။မြို့တွင်း ၆ မြို့နယ်အတွင်းမှာ ရပ်တဲ့ကားတွေကို ကားတစ်စီးကို တစ်နာရီ ၂ဝဝ ကျပ်နဲ့ ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။"လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Regulation

Author