ယခုလအတွင်း ပြည်တွင်းထုတ်ဓာတ်ဆီဂါလန် နှစ်သန်းကို တစ်ဂါလံ ၃၈ဝဝ ကျပ် နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်

0

Full article

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) မှ ထွက်ရှိသောဓာတ်ဆီများကို ယခုလအတွင်း တစ်ဂါလန်လျှင် ၃၈ဝဝ ကျပ်နှုန်းဖြင့် ဂါလန် နှစ်သန်းအား မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသို့ ရောင်းချပေးသွာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားရှိသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ တဆင့် စက်သုံးဆီ အရောင်း ဆိုင်များသို့ ၂ဝ၁၈ ခုနှစ်၊ ဧပြီလမှစ၍ ယနေ့အချိန်ထိ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလန် ၃,ဝဝဝ,ဝဝဝ (ဂါလန် သုံးသန်း) ခန့်ဖြင့် (၄) ကြိမ်၊ ဓာတ်ဆီ (စုစုပေါင်းဂါလန် ၁၂ သန်း) ဖြန့်ဖြူးရောင်းချခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ ပြည်တွင်း စက်သုံးဆီဈေးနှုန်း လျှော့ကျလာစေရန် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ တဆင့် စက်သုံးဆီ အရောင်းဆိုင်များအားရောင်းချခြင်းအားဖြင့် ဈေးကွက်အတွင်းလိုအပ်လျက်ရှိသည့် ပြည်တွင်းသုံးဓာတ်ဆီ ဈေးနှုန်းကို အထိုက်အလျောက်လျော့ကျစေခဲ့ကြောင်း သိရသည်။

ယခုစက်သုံးဆီရောင်းချပေးမည့် ဓာတ်ဆီဂါလန် နှစ်သန်းမှာ ပဉ္စမအကြိမ်မြောက်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

Regulation, Transportation

Unicode Version

Author