ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်းကို ကညနရုံးပြင်ပနေရာတွင် လုပ်ငန်းဆောင်ရွက်ပေးမည်မဟုတ်

0

Full article

မှတ်ပုံတင်ယာဉ်ဟုတ်၊ မဟုတ် နှင့်ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို ကညနရုံးပြင်ပနေရာတွင် လုပ်ငန်းဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။

ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်း online booking စနစ်မှတစ်ဆင့် ကြိုတင်ရက်ချိန်းရယူလျှောက်ထားလာသော ယာဉ်များကို သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးများတွင် ယာဉ်စစ်ဆေးပေးနေသော အင်ဂျင်နီယာများကသာ ယာဉ်သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ချိန်ပြီးမှ စစ်ဆေးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 " ယာဉ်မှန်၊မမှန် စစ်ကိုခြင်း သြဂုတ်လ ၂ဝ ရက်ကစပြီး online booking ကိုစကျင့်သုံးနေတယ်။ online ကလျောက်ပြီး ရက်ချိန်းယူထားတဲ့ ကားကိုပဲယာဉ်မှန်၊ မမှန်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ ကညနရုံးတွေမှာပဲ စစ်ဆေးပေးမှာပါ။ ကညနရုံးပြင်ပနေရာတွေမှာ လုံးဝမစစ်ဆေးပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးတွင် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းလုပ်ငန်းကို သြဂုတ်လ ၂ဝ ရက်မှစတင်၍ ကညန ခရိုင်ရုံးများအလိုက် တိုင်းဒေသကြီး ရွာသာကြီးရုံးခွဲတွင် ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ၃၅ စီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးတွင် ၅ဝ စီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးတွင် ၂၅ စီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် ရုံးတွင် ၃ဝ စီး စုစုပေါင်း ရန်ကုန်တိုင်းတွင် တစ်ရက်လျှင် ၁၆၅ စီး လုပ်ငန်းဆောင်ရွက်ပေးနေလျှင်ရှိရာ ရွာသာကြီး ရုံးခွဲမပါဝင်ဘဲ ကျန်ကညနခရိုင်ရုံးများတွင် သတ်မှတ်ထားသည့် အစီးရေအပြင်နောက်ထပ် ကားအစီး၂ဝ စီးကို လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Regulation

Author