မီးလုံး၊မီးခွက် ရှဲလ် ပြောင်းလဲထားသောကားများ ကနဦးမှတ်ပုံတင်ထားသော မူလပုံစံအတိုင်း တပ်ဆင်လာမှသာ ယာဉ်မှတ်တင်ပုံတင်ပြုလုပ်ပေးမည်

0

Full article

မော်တော်ယာဉ်များ သက်တမ်းတိုးယာဉ်မှတ်ပုံတင်ပြုလုပ်ရာတွင် မီးလုံး၊မီးခွက် ရှဲလ်များကို ပြောင်းလဲထား၍ ကား၏ မိုဒယ်အနည်းငယ်ကွဲလွဲနေပါက ကနဦးမှတ်ပုံတင်ထားသော မူလပုံစံအတိုင်း ပြန်ပြင်ဆင် တပ်ဆင်လာမှသာ ယာဉ်မှတ်တင်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ယာဉ်များသက်တမ်းတိုးမှတ်ပုံတင်ပြုလုပ်ရာတွင် မီးလုံး၊မီးခွက် ရှဲလ်များကို ယခင် တင်သွင်းလာသော ကားမိုဒယ်အတိုင်း တူညီရမည်ဖြစ်ရာ အကြောင်းကြောင်းကြောင့် ယာဉ်မတော်တဆမှု ကြီးမားပါက ကညနတွင် အကြီးစားပြင်ဆင်မှုလျှောက်ထားရမည်ဖြစ်ရာ ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပါက မှတ်ပုံတင်ထားသော မိုဒယ်အပိုပစ္စည်းအတိုင်းကိုသာ တပ်ဆင်အသုံးပြုရမည်ဟု သိရသည်။

" မီးလုံး၊ မီးခွက် ရှဲလ်တွေပြောင်းထားတာကို အရင် ယာဉ်မှတ်ပုံတင်ထားတဲ့ ငယ်မူအတိုင်း ယာဉ်သက်တမ်းတိုးရင် တပ်ဆင်လာရမယ်။ အရင် မှတ်ပုံတင်ထားတဲ့ ငယ်မူအတိုင်း တိုက်ဆိုင်စစ်ဆေးမယ်။ မီးလုံးဖြစ်ဖြစ် မီးခွက်တွေ က မိုဒယ်ပြောင်းပြီး လုပ်ထားတာဆိုရင်တော့ ယာဉ်မှတ်ပုံတင် မလုပ်ပေးပါဘူး။ ယာဉ်ထိခိုက်မှု၊ ပျက်စီးတာကြီးကြီးမားမားဆိုရင်တော့ အကြီးစားပြင်ဆင်မှုလျှောက်ထားတင်ပြပြီး ပြင်လို့ရပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာဌာန က တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပြည်ပနိုင်ငံမှ တင်သွင်းလာသော မော်တော်ယာဉ်များနှင့် ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သော semi- knocked down( SKD )စနစ်ဖြင့် အစိတ်အပိုင်းတပ်ဆင်ထုတ်ထားသည့်ကားများကို မူလစက်ရုံထုတ်ပုံစံနှင့်ကိုက်ညီမှသာလျှင် ကနဦးယာဉ်မှတ်ပုံတင်လုပ်ဆောင်ပေးသွားမည်ဖြစ်ရာ မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ  ပြင်ဆင်ပြောင်းလဲထားသော မှတ်ပုံတင်လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း သိရပါသည်။

Market

Author