ရန်ကုန်တိုင်းအတွင်း အခြေခံပညာစာသင်ကျောင်းများတွင် ညာမောင်းကျောင်းကား ပြေဆွဲခြင်းကို လာမည့်စာသင်နှစ်တွင် ခွင့်ပြုပေးတော့မည်မဟုတ်ဘဲ ဘယ်မောင်း School bus ကားများသာ အကြိုအပို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကသိရသည်။
ယခင်က ကျောင်းကားအဖြစ် ပြေးဆွဲရန် သတ်မှတ်ထားရာတွင် ဘယ်မောင်းကားအမျိူးအစားကားများကိုသာ ပြေးဆွဲခွင့်ပြုရန် သတ်မှတ်ခဲ့သော်လည်း ဆရာ၊ဆရာမများနှင့် ကျောင်းကားပြေးဆွဲရာတွင် ပါဝင်သည့် လုပ်ငန်းရှင်များ၏ တင်ပြတောင်းဆိုမှုများကြောင်း ၂ဝ၁၈ စာသင်နှစ် တစ်နှစ်ကို ညာမောင်းအမျိူးအစား ကျောင်းကားများ ပြေးဆွဲခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
"လာမယ့်စာသင်နှစ်ကို ညာမောင်း ကျောင်းကားတွေ ပြေးဆွဲတာလုံးဝခွင့်မပြုတော့ပါဘူး။ အခုနှစ်တစ်နှစ်ပဲ ညာမောင်းကျောင်းကားပြေးဆွဲတာကို အခက်အခဲရှိလို့တင်ပြလာလို့ ခွင့်ပြုလိုက်တာပါ။၂ဝ၁၉ မှာတော့ ဘယ်မောင်းအမျိူးအစားကျောင်းကားပဲ ဝင်ရောက်ပြေးဆွဲ ရမှာပါ။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့က အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
လာမည့် စာသင်နှစ်က school bus ကျောင်းကားစနစ်ပြေးဆွဲရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက school bus ယာဉ်အဖြစ်သတ်မှတ်ချက်တွင် ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro bus , mini bus, bus အမျိူးအစား ဘယ်မောင်းကားများကိုသာ school bus ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
Transportation