သင်္ကြန်ရက်မတိုင်ခင် နယ်ပြန်သည့် ခရီးသည်ဦးရေနှင့် ကားအစီးရေ မလောက်ငှတဲ့အတွက် ကားလက်မှတ်ဝယ်ယူမ ရဖြစ်နေ

0

Full article

သင်္ကြန်ရက်မတိုင်ခင် ရန်ကုန်တိုင်းမှတစ်ဆင့် ပြည်နယ်တိုင်းဒေသအသီးသီးထံ နေရပ်ပြန်သည့် ခရီးသည်ဦးရေနှင့် ကားအစီးရေ မလောက်ငှသည့်အတွက် ကားလက်မှတ်ဝယ်ယူမရခြင်း ဖြစ်ကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောဆိုပါသည်။

သင်္ကြန်ကာလမတိုင်ခင် ရန်ကုန်တိုင်းအတွင်းက ပြည်နယ်တိုင်းများထံ နေရပ်ပြန်မည့် ခရီးသည်များအဆင်ပြေစေရန်ဒဂုံဧရာအဝေးပြေးမှ ဧရာဝတီတိုင်းဘက်သို့ YBS ၁ဝ စီး၊ အောင်မင်္ဂလာ အဝေးပြေးဝန်းမှ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ နှင့် နေပြည်တော်ဘက်သို့ YBS ကား၃ စီးနှင့် လက်ပံတန်း၊ မင်းလှနှင့် ပြည်မြို့သို့လည်း YBS ကားများနှင့် ယာဉ်လိုင်းတစ်လိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

" သင်္ကြန်မတိုင်ခင် နယ်ကိုပြန်တဲ့ ခရီးသည်တွေနဲ့ ကားအစီးက မလောက်တာ နှစ်တိုင်းဖြစ်နေတယ်။ နယ်ကိုပြန်တဲ့သူက အရမ်းများတယ်။ ဒဂုံဧရာအဝေးပြေး ဧရာဝတီတိုင်းဘက်ကို YBS ၁ဝ စီးနဲ့ အောင်မင်္ဂလာ အဝေးပြေးတွင်လည်း ယာဉ်လိုင်းတွေ တိုးပြီး ပြေးဆွဲပေးဖို့ စီစဉ်နေတယ်။တစ်ချိူ့တွေကို စီးမယ့်လိုင်းကို ရွေးကြတယ်။ Elite မှ စီးချင်ကြတာတို့ရှိတယ်။ နယ်ကို ပြန်တဲ့သူတွေအားလုံးကို အဆင်ပြေအောင်တော့ စီစဉ်ပေးနေပါတယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒဂုံဧရာအဝေးပြေးဝန်းတွင် ဧရာဝတီတိုင်းဒေသကြီးဘက်သို့ပြေးဆွဲပေးနေသည့် ယာဉ်လိုင်း ၁ဝ၇ လိုင်းရှိပြီး ယာဉ်အစီးရေ ၉၂၁ စီးဖြင့်ပြေးဆွဲပေးနေရာ အဝေးပြေးယာဉ် ၇ဝဝ ခန့် နေ့စဉ်ပြေးဆွဲပေးနေကြောင်းသိရသည်။

Public Transpotation

Author