Full article

အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း၌ စမ်းသပ် အသုံးပြုလျက် ရှိသော ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်ရှိ ဆောက်လုပ်လျက်ရှိသော လက်မှတ် အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးတို့ကို တစ်ပြိုင်နက် ဖွင့်လှစ်အသုံးပြုမည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အောင်မင်္ဂလာဝင်း)'မှ သိရ သည်။Highway-Station

ကားဝင်းအတွင်းရှိ အဝေးပြေး ကားများ ရပ်နား၍ ခရီးသည် အတင်/အချ ပြုလုပ်နိုင်သော ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံမှာ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လမှ စ၍ စမ်းသပ် အသုံးပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့သည့် လက်မှတ် အရောင်းဂိတ်ခန်း များမှာ လက်ရှိတွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ဝင်း၏ အဓိကယာဉ်ဝင်/ထွက်ပေါက်အဖြစ် အသုံးပြုမည့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ပြီးစီးမှုအလိုက် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လမ်းခင်းကျင်းမှု ဆောင်ရွက်ဆဲဖြစ်သည့် ခြောက်လမ်းသွား အောင်မင်္ဂလာလမ်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဆက်လက်ဖြစ်ပွား လျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် ကျပ်တည်းမှုကြောင့် ဇန်နဝါရီ ၃ဝ ရက် တွင် ဝင်းအတွင်းရှိ ရွှေစင်စကြာ အဝေးပြေးယာဉ်နှင့် အသင်းဝင် မဟုတ်သည့် ပြင်ပတက္ကစီယာဉ်များ ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့ကြောင်းနှင့် အဆိုပါလမ်းမကြီး ပြီးစီးပါက ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်မှတ်အရောင်း ဂိတ်ခန်းများကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author