Full article

မာက်ဥက္ကလာပမြို့နယ်ရှိ အောင် မင်္ဂလာအဝေးပြေးဝင်းအား ကားဝင်းနှင့် ကပ်လျက်ရှိသော ရေဝေး သုသာန်မြေနေရာအထိ မြေသား ချဲ့ထွင်မည်ဖြစ်ကြောင်း 'ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သိရသည်။

highway-gate-1-300x199

လက်ရှိတွင် ၆၈ ဒသမ ၅၇၄ ဧက ကျယ်ဝန်းသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းကို ဝင်းချဲ့ထွင်ရန်အတွက် ဝင်း၏အနောက်ဘက် ရေဝေးသုသာန်ရှိ မြေဧရိယာ ပေ ၉ဝဝ _ ၆ဝဝ ကို မြေသားပြုပြင်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြေသားပြုပြင် ခြင်းကို ယခုလမှ စတင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ "ဘယ်လို စီမံကိန်းမျိုး လုပ်ဖြစ်မယ် ဆိုတာတော့ ညွှန်ကြားချက် မရှိသေးဘူး၊ အခု အဝေးပြေးဝင်း အတွက်ပေးတဲ့မြေကို ပြုပြင်တာပဲ ရှိသေးတယ်၊ ဝင်းရဲ့အရှေ့ဘက်ဆိုလည်း ရေ မြောင်းချဲ့ထွင်တာတွေ လုပ်နေတယ်၊ အဓိကကတော့ ဝင်းကိုချဲ့ထွင်တဲ့ သဘောပါ"ဟု 'မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာဝင်း)'မှ ဌာနခွဲမှူးက ပြောသည်။အဆိုပါ အဝေး ပြေးဝင်းအတွင်းရှိ ကားဂိတ်ဆောင် ၁၇ ခု၌ လက်မှတ် အရောင်းဂိတ်ခန်း ၂၅၅ ခန်း၊ ပစ္စည်း အရောင်းဆောင် ၂၈ ဆောင်၌ အခန်းပေါင်း ၂၆၇ ခန်း၊ စားသောက် ဆောင် နှစ်ဆောင်၌ အခန်း ပေါင်း ၂၈ ခန်း၊ အသေးစားစက်မှုဆောင် ၁၈ ဆောင်၌ အခန်းပေါင်း ၆၉ ခန်း၊ အက်ဆစ်ပစ္စည်းနှင့် ဓာတုပစ္စည်း တစ်ဆောင်၊ကားပြုပြင် ဆောင် နှင့် တည်းခိုခန်း နှစ်ခုအပြင် သန့်စင်ခန်းများ၊ ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံများ ဆောက်လုပ်ထားကြောင်း သိရသည်။

Ref : Automobile

Author