နှစ်ကုန်မူဝါဒ ပြောင်းလဲမည်စိုး၍ ဂျပန်ကားတင်သွင်းသူများလာသောကြောင့် လေလံဈေး ထပ်မံမြင့်တက်လာနိုင်

0

Full article

![](/redline/content/images/2017/07/brbrrbr-300x180.jpg)

Photo Credit

လာမည့်နှစ်တွင် ကားတင်သွင်းခွင့် မူဝါဒ ပြောင်းလဲလာမည်ဖြစ်၍ ပြည်တွင်းမှ ကားတင်သွင်းသူများပြားနေရာ လူကြိုက်များသည့် အင်ဂျင်ပါဝါအနိမ့်ကားများ ဂျပန်ကားလေလံဈေးကွက်တွင် လေလံဈေးနှုန်းများ ၁၅သိန်းဝန်းကျင်မြင့်တက်လာပြီး ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကားတင်သွင်းသူလုပ်ငန်းရှင်များ က သုံးသပ်ထားကြသည်။ လာမယ့်နှစ်မှာ ကားတင်သွင်းခွင့်မူဝါဒ တွေပြောင်းမယ်ဆိုပြီးကြားနေတယ်။ ဒါကြောင့်လူကြိုက်များတဲ့ ကားတွေကို လေလံဆွဲတာများလာတယ်။ အင်ဂျင်ပါဝါနိမ့်ကားလေးတွေ ဖြစ်တဲ့ wish တို့ Fit ကားလေးတွေက လေလံဈေး ၁၅ သိန်းလောက်တက်လာတယ်။ ဂျပန်လေလံဆွဲတာ များလာရင် ဈေးက ထပ်တက်လာဖို့ပဲရှိနေတယ် ဟု ဂျပန်နိုင်ငံထုတ်ကားလးများကို လေလံဆွဲဝယ်ယူနေသူ ကို သန့်ဇင်ဝင်းက ပြောသည်။ ယခင်က ဂျပန်းယန်း ၇သိန်း ဝန်းကျင်လေလံဆွဲဝယ်ယူနေရသည့် အင်ဂျင်ပါဝါ နိမ့်ကားလေးများဖြစ်တဲ့ Honda fit , Fit shuttle , wish , insight ကားလေးများမှာ ယခုတစ်ပတ်တွင် ဂျပန်ယန်း ၉သိန်း ခွဲ ခန်ရှိပြီး လေလံဆွဲသူများပြားနေလျှက်ရှိကြောင်း သိရသည်။ ဂျပန်လေလံဈေးကွက်သည်လည်း ဝယ်လိုအားများပြားသည့် ကားအမျိူးအစားနှင့် လူအကြိက်များဝယ်ယူမှူပေါ်လိုက်၍ လေလံဈေးမြင့်တက်လာရာ မြန်မာနိုင်ငံ၏ ကားမူဝါဒ အပြောင်းအလဲများ ကိုစောင့်ကြည့်လျှက် ဈေးကစားမှုများလည်းရှိနေကြောင်း ကားလေလံ လုပ်ကိုင်သူ များက ဆိုသည်။ လူကြိုက်များတဲ့ ကားတွေ အဆွဲများလာလေ အဲကားတွေက လေလံဈေးထပ်တက်လာတယ်။ နောက်နှစ်မူဝါဒအပြောင်းအလဲ ဖြစ်လာမယ်ဆိုတာလည်း သိနေတော့ လေလံဈေးကိုကစားလာကြတာလည်းပါတယ်။ တည်ငြိမ်တဲ့ မူဝါဒတစ်ခုဆိုရင် ဈေးအတက်အကျ သိပ်မဖြစ်နိုင်ဘူး။ တစ်ချိူ့ ကားသွင်းတဲ့သူတွေကလအခုထဲက စပြီးတင်သွင်းလှောင်ထားကြတယ်လာမည့်နှစ် မော်တော်ယာဉ်တင်သွင်းသည့် မူဝါဒများအား မိုဒယ်မြင့်ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုမည်ဆိုလျှင် ဂျပန်နိုင်ငံထုတ် ညာမောင်းကားများ လေလံဆွဲ တင်သွင်းသူနည်းပါးလာနိုင်ကြောင်း သိရသည်။

ခေတ်သစ်

Author