စည်းကမ်းချက် ၇ ချက် ဖောက်ဖျက်သည့် တက္ကစီများ နယ်နှင်ရန်တင်ပြထားမှု ရှေ့နေချုပ်ရုံးမှ သဘောမတူ

0

Full article

Zawgyi
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲသွားလာနေလျက်ရှိသော အဌားယာဉ်တက္ကစီများကို
ပြစ်မှု ၇ ချက်အနက် တစ်ခုခု ဖောက်ဖျက်ကျူးလွန်ပါက နယ်နှင်ရန် တင်ပြထားမှုအား ရှေ့နေချုပ်ရုံးမှ သဘောမတူပဲ လုပ်ငန်းလိုင်စင်သာ ပိတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသော စည်းကမ်းဖောက်ဖျက်သည့် အဌားယာဉ်တက္ကစီများကို နယ်နှင်ရန် အချက် ၇ ချက်နှင့် ပတ်သက်၍ ၃ဝ၄ (က) အရ လူသေဆုံးမှုဖြစ်ပွားသည့် ယာဉ်တိုက်မှုဖြစ်ပွားခြင်း၊ သတ်မှတ်ယာဉ်နံပတ်ပြား မတပ်ဆင်ထားသည့်ယာဉ်များ၊ မော်တော်ယာဉ်နှင့် ပြစ်မှုဆိုင်ရာ တစ်ခုခုဖြစ်ပွားခြင်း၊ ယာဉ်အချက်ပြမီးပွိုင့်အနီးအနားတွင် ခရီးသည်အတင်အချပြုလုပ်သော တက္ကစီများ၊ စတေကာကပ်ထားသော တက္ကစီများ၊ ဘတ်စ်ကားမှတ်တိုင်တွင်ခရီးသည်အတင်အချပြုလုပ်ရန် ရပ်နားထားသောတက္ကစီများ၊ free way နေရာများတွင် ရပ်နားထားသည့် တက္ကစီများ စသည်တို့ကို ပြည်နယ်နှင့် တိုင်းများသို့ နယ်နှင်ရန် တင်ပြထားသော်လည်း သဘောမတူကြောင်းသိရသည်။

"စည်းကမ်းဖောက်ဖျက်တဲ့ တက္ကစီတွေကို အချက် ၇ ချက်ထဲက တစ်ခုခုဖောက်ဖျက်ရင် နယ်နှင်ဖို့အတွက် တင်ပြထားတာရှိတယ်။ရှေ့နေချုပ်ရုံးကိုတင်ပြပီး သဘောထားမှတ်ချက်တောင်းခံထားတယ်။ရှေ့နေချုပ်ရုံးက နယ်နှင်တာမျိုးကို သဘောမတူပါဘူး။လုပ်ငန်းလိုင်စင် ယာယီပိတ်တာမျိုးတော့ ဖြစ်နိုင်တယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလက စတေကာကပ်ထားသည့် ရာသက်ပန် AA, BB, CC စသော တက္ကစီ ၄၂ စီးကို လုပ်ငန်းလိုင်စင် ၁ နှစ်ပိတ်သိမ်း၍ ဝှီးတက်များသိမ်းဆည်းထားရှိရာ အရေးယူကာလ ၁ နှစ်ပြည့်ပါက ဝှီးတက်များပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ရာသက်ပန်မဟုတ်သည့် စတေကာကပ် တက္ကစီကား ၂၄ စီးကိုမူ လုပ်ငန်းလိုင်စင် နံပတ်အနီမှ နံပတ်အနက်သို့ ပြန်ပြောင်းလဲရန် ပြစ်ဒဏ်သတ်မှတ်ထားရှိခဲ့သည်။

Author