AsiaConnect ၊ MAADAနှင့် GPI တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အပြည်ပြည်ဆိုင် ရာ ကားပြပွဲကျင်းပပြုလုပ်မည်

0

Full article

Zawgyi AsiaConnect က မြန်မာနိုင်ငံ တရားဝင်အသိအမှတ်ပြု မော်တော်ယာဉ်ဖြန့်ဖြူးရောင်းချသူများ အသင်း (MAADA)၊ ထိုင်းနိုင်ငံ အခြေစိုက် Grand Prix International တို့နှင့် ပူးပေါင်းပြီး မြန်မာ နို်င်ငံတွင် ပထမဦးဆုံးသော အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို (Myanmar International Motor Show 2018) ကျင်းပရန် နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့ (အောက်တိုဘာ ၃ဝ) တွင် Malia Hotel ၌ ပြုလုပ်ခဲ့သည်။အဆိုပါကားပြပွဲတွင် ကားသစ်များနှင့် လုပ်ငန်းသုံးယဉ်အသစ်များကို ရောင်းချသော လုပ်ငန်းများ၊ ကားနှင့် ဆက်စပ်သောအပိုပစ္စည်းများကို ရောင်းချသော လုပ်ငန်းများ၊ ကားအာမခံလုပ်ငန်းများ၊ ဘဏ်များနှင့် ကားစမ်းသပ်မောင်းနှင်သည့် နေရာတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ကားပြပွဲကို ၂ဝ၁၈ ဇန်နဝါရီ ၁၈ မှ ၂၈ အထိ ဆယ်ရက်တိုင်တိုင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူမိ Event Park တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ "ကျွန်တော် နိုင်ငံတကာကားပြပွဲတော်တော်များများကို သွားရောက်ကြည့်ရှုဖူးပါတယ်။ အထူးသ ဖြင့် ဂျပန်ကားပြပွဲကိုပါ။ ကားသစ်မိတ်ဆက်မှုများ၊ အဆင့်မြင့်နည်းပညာများနဲ့ မျိုးဆက်သစ်ကား များ ပြသတဲ့ ကားပြပွဲကို ကျွန်တော် သွားရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ တကယ့်ကို အံ့သြဖို့ ကောင်းတဲ့ပွဲပါ။ ယခုအသစ်ထွက်ပေါ်လာတဲ့ စုဖွဲ့မှုဟာ မြန်မာနိုင်ငံရဲ့ ကားလုပ်ငန်းစုကို ပြည်တွင်းမှ နိုင်ငံတကာ အဆင့်ထိတိုင် တက်လှမ်းနိုင်ဖို့အတွက် ရည်ရွယ်၍ ဖွဲ့စည်းသော ပထမဦးဆုံး အဖွဲ့အစည်းဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ယခု ကျင်းပပြုလုပ်မယ့် ပြပွဲဟာလည်း မြန်မာနိုင်ငံကားသမိုင်းမှာ အကြီးဆုံးပွဲဖြစ်မယ်ဆိုတာ ကျွန်တော် အခိုင်အမာပြောရဲပါတယ်" ဟု MAADA ၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသွားခဲ့သည်။ AsiaConnect မှ Mr Michael က "ဒီလိုပွဲမျိုး ကျင်းပနိုင်အောင် MAADA နဲ့အတူ ၂နှစ်တိုင်တိုင် ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။ အခု အခါမှတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အပြည်ပြည် ဆိုင်ရာ ကားပြပွဲကို ကျင်းပပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ကားပြပွဲဖြစ်မြောက်အောင် ပါဝင်ကြတဲ့ ကားဖြန့်ဖြူးရောင်းချသူများအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။" ပြောကြားသည်။ ကားပြပွဲတွင် ကားအလဲအထပ် ဆောင်ရွက်ပေးမည့် (trade-in) အစီအစဉ်နှင့် concept cars များ ပြသမည့် အစီအစဉ်များမှာတော့ အခက်အခဲများ ရှိနေသဖြင့် ပါဝင်နိုင်ခြင်းမရှိကြောင်းသိရသည်။

Author