မြန်မာနိုင်ငံက ၂ဝ၁၈ ၌ ASEAN MRA တွင် လက်မှတ်ရေးထိုးမည်

0

Full article

မြန်မာနိုင်ငံသည် လာမည့် ၂ဝ၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင် ပါဝင်လက်မှတ်ရေးထိုး သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန နှင့် တရားဝင်အသိအမှတ်ပြု မော်တော်ယာဉြ် ဖန့်ဖြူးရောင်း ချသူများအသင်း (AADA) တို့က ပူးတွဲ ကျင်းပပြုလုပ်သည့် မော်တော် ယာဉ် လုပ်ငန်းစုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေညာချက်အရသိရသည်။

"မူဝါဒအားကောင်းလုပ်ပြီး လိုက်ပါဆောင်ရွက်သွားရမှာပါ။ အာဆီယံ သဘောတူညီ ချက် Timeline အတိုင်း ပူးပေါင်းပါဝင်နိုင်အောင် မဖြစ်မနေ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်" ဟု စက်မှုဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က ဆိုသည်။

လက်ရှိတွင် အာဆီယံနိုင်ငံများမှ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ဆဲအ ဆင့်သာဖြစ်ပြီး အဆိုပါ MRA မူကြမ်းရေးဆွဲရေးအစည်းအဝေး ၁၈ ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ မူကြမ်းတွင်ပါဝင်သော အချက်များအားအကောင်အထည်ဖော်မှုဆိုင်ရာ လမ်းပြ မြေပုံ နှင့် ပတ်သက်ပြီး လာအိုနိုင်ငံတွင် ၂ဝ၁၈ ၌ ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် အာဆီယံ စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ၊ မော်တော်ယာဉ် ဆိုင်ရာ ထုတ်ကုန်လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရ သည်။

AADA ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းကလည်း "ကျွန်တော်တို့က ဈေးကွက်ကို လက်ဝါး ကြီးအုပ်ဖို့ လုပ်နေတာမဟုတ်ပါဘူး။ ကိုယ်တိုင် အကျိုးစီးပွားရှိနေလို့ လုပ်ကြတာလို့ ထင်ကြတယ်။ အမှန်က အခြားအာဆီယံနိုင်ငံတွေ ကို ကြည့်ရင် အဲ့လိုမဟုတ်ဘူးဆိုတာ တွေ့မြင်ရပါလိမ့်မယ်။"ဟု ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့်နှစ်က MRA ၁ဝ ကြိမ်၊ ၁၃ကြိမ်နှင့် ၁၅ ကြိမ်မြောက် မူကြမ်းများအား ရှေ့နေ ချုပ်ရုံးသို့ (၃)ကြိမ်ပေးပို့ပြီး သဘောထားမှတ်ချက်တောင်းခံခြင်းနှင့် နိုင်ငံတော်အဆင့် ဆွေးနွေးတိုင်ပင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။

"မြန်မာနိုင်ငံက ဘာမှ လုပ်ထားတာ မရှိဘူး။ နိုင်ငံအနေနဲ့ ကြည့်ရင် Technical knowledge လိုတယ်။ ကျွမ်းကျင်သူတွေလိုတယ်။ newtwork ကျယ်ပြန့် တဲ့လူ တွေလိုပါတယ်။ လက်မှတ်ထိုးပြီးရင် အာဆီယံက အသိအမှတ်ပြုတဲ့ အလုပ်အဖွဲ့ (body) တွေလိုပါတယ်" ဟု စက်မူဝန်ကြီးဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်ရီရီ ကျော်က ဆိုသည်။

အာဆီယံကုန်သွယ်မှုကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ထုတ်ကုန်များ အပြန်အလှန် အသိ အမှတ်ပြုရေး အစီအစဉ် အာဆီယံမူဘောင် သဘောတူညီချက်တွင် ပါဝင်သည့် လုပ်ငန်းကဏ္ဍများစွာအနက် အာဆီယံနိုင်ငံများ၏ မော်တော်ယာဉ်ကဏ္ဍ သဘောတူညီ ချက်ကို ၂ဝ၁၄၊ နိုဝင်ဘာ (၂၉ ) တွင် လာအိုင်နိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ လက်မှတ်ရေးထိုးခဲ့ကြသည်။

P-01

Author