အဝိုင်းပတ်များတွင် အချက်ပြမီးပွိုင့်စနစ် စမ်းသပ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားလာ၍ ဖျက်သိမ်း

0

Full article

ရန်ကုန်မြို့တွင်းရှိ အဝိုင်းပတ်စနစ် ၃ ခုတွင် အချက်ပြမီးပွိုင့်စနစ်များ စမ်းသပ်တပ်ဆင် အသုံးပြုခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာသဖြင့် စမ်းသပ်မှု မလုပ်ဆောင်တော့ဘဲ အဝိုင်းပတ် မီးပွိုင့်အချက်ပြစနစ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပိူ့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကသိ ရသည်။

ရန်ကုန်မြို့တွင်းရှိ အဝိုင်းပတ်စနစ် ၃ ခု ဖြစ်သည့် ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဟံသာဝတီအဝိုင်း များကိုနိုဝင်ဘာလ ၄ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ ၄ ရက်ကြာ စမ်းသပ်ပြုလုပ်ခဲ့ရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာ၍ အဝိုင်းပတ်စနစ်တွင် မီးပွိုင့်အချက်ပြစမ်းသပ်အသုံးပြုခြင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

" အဝိုင်းပတ်တွေမှာ အချက်ပြမီးပွိုင့်တပ်ဆင်စမ်းသပ်တာက ရုံးတက်ရုံးဆင်းချိန်တွေမှာ ယာဉ်ကြော ပိုပြီးပိတ်ဆို့မှု ဖြစ်လာလို့ အဝိုင်းပတ်မှာ မီးပွိုင့်အသုံးပြုစမ်းသပ်တာ ရပ်ဆိုင်းလိုက်တာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိအဝိုင်းပတ်စနစ်များတွင် ယာဉ်သွားလာမှုများကို အချက်ပြသည့်မီးပွိုင့်တပ်ဆင်စမ်းသပ်အသုံးပြုမှုမလုပ်တော့ဘဲ ယခင်အတိုင်း အဝိုင်းပတ်မောင်းနှင်လာသော ယာဉ်ကိုသာ ဦးစားပေးမောင်းနှင်သွားလာရမှာ ဖြစ်ကြောင်း သိရပါသည်။

Regulation

Author