Full article

အမေရိကန်ထိပ်တန်း ကားကုမ္ပဏီ ကြီးတစ်ခြုဖစ်သည့် Chevrolet သည် ၂၀၁၃ ခုနှစ်အတွင်း အရှေ့ တောင်အာရှဒေသ၌ ရောင်းအား စံချိန်တင်နိုင်ခေဲ့ကြာင်း 'Bernama သတင်းဌာန'က ဇန်နဝါရီ ၁၇ ရက်၌ ရေးသေားဖ်ာပြခဲ့သည်။

Chevrolet

ဂျီအမ်ကုမ္ပဏီ လက်အောက်ခံ Chevrolet သည် ပြီးခဲ့သည့်နှစ်အတွင်း အာဆီယံနိုင်ငံများ၌ ကားစေီးရ ၈၂,၈၈၄ စီး ရောင်းချနိုင်ခဲ့ပြီး အင်ဒိုနီးရှား ရောင်းအားမှာ စံချိန်သစ် ဖြစ်လာခဲ့သည်။ Chevrolet သည် အင်ဒိုနီးရှားတွင် ၁၄,၉၇၅ စီး ရောင်းချနိုင်ခဲ့ပြီး ထိုပမာဏမှာ ၂၀၁၂ ရောင်းအားထက် ၁၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လြာခင်း ဖြစ်သလို ဖိလစ်ပိုင်တွင်လည်း ၄,၉၂၆ စီး ရောင်းချကာ ရောင်းအား ၅၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုင်းတွင် ၅၆,၃၈၉ စီး ရောင်းချကာ ရောင်းအား ၉၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး လာအိုတွင်လည်း ၁,၀၀၈ စီး ရောင်းချကာ ရောင်းအား ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ Chevrolet သည် အခြား အာဆီယံနိုင်ငအံများ ဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ တို့တွင်လည်း ၎င်းတို့ကုမ္ပဏီ ထုတ်ကားများအား တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေသည်ဟု Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

Ref: Auto Mobile

Author