Full article

ညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ လွန်ခဲ့သော [၆-၁-၂ဝ၁၂](http://www.myanmarcarsdb.com/further-news-car-permit-for-burmese-from-abroad/ "ပြည်ပရောက်")မှစတင်ကာ ပြည်ပအလုပ်အကိုင်လုပ်နေသူ မြန်မာနိုင်ငံသားများအား ကားတင်သွင်းခွင့်များ လက်ခံဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများ အတွက် ၃ဝဝဝ ခန့်ချထားသွားမည်ဖြစ်သော ကားတင်သွင်းခွင့်များကို[နောက်ဆုံးရရှိသော သတင်းများ](http://www.myanmarcarsdb.com/car-market-helps-deflation-of-myanmar-kyat/ "မြန်မာနိုင်ငံ၏")အရ ၁ဝဝဝ ကျော်ခန့်ချထားပြီးပြီလည်း ဖြစ်ပါသည်။

သို့ရာတွင် ပြည်ပတွင်သာရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ရုံးသို့ကိုယ်တိုင်သွားရောက် လျှောက်ထားခြင်းမပြုလုပ်နိုင်ပါက Email ဖြင့်လျှောက်ထားနိုင်မည်ဟု MRTV-4 သတင်းဌာနမှ နောက်ဆုံးသတင်းရရှိခဲ့ပါသည်။ ပို့ရမည့် Email address မှာ g-o-e-dol@myanmar.com.mm ဖြစ်ပြီး ထိုလိပ်စာသို့ ယခင်ဖော်ပြပါ သတင်းစာကြော်ငြာပါလျှောက်လွှာပုံစံအတိုင်း Email ပို့ကာ လျှောက်ထားရမည်ဖြစ်ပါသည်။

ပြည်တွင်းလျှောက်ထားသူများ အနေနှင့်လည်း FEC 100 ပြန်လည် သွင်းသည့်ကိစ္စနှင့် ပါတ်သက်ကာ အခက်အခဲရှိခဲ့ပါလျှင်လည်း ထို Email သို့ ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်ကြောင်း သတင်းရရှိပါသည်။

Author