တွေ့ဆုံရတဲ့ အကြောင်းအရင်းအတိအကျ ကိုမသိရပေမယ့် Apple ဟာ ကားတီထွင်ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေခဲ့တာ ကာလအတန်ကြာပြီဖြစ်တဲ့အတွက် ဒီတွေ့ဆုံမှုဟာ Apple က ထုတ်လုပ်မယ့်ကားများ စမ်းသပ်ဖို့အတွက် ဖြစ်တယ်လို့ ထင်မြင်ယူဆရပါတယ်.။
တစ်ချိန်တည်းမှာပဲ Apple CEO Tim Cook ဟာ ဂျာမနီနိုင်ငံရှိ BMW ဌာနချုပ်ကို သွားရောက်ခဲ့ပြီး Apple Car အဖြစ် အသုံးပြုမယ့် BMW i3 ကားကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်.။ BMW i3 ဟာ ၄ ယောက်စီး လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး တံခါးလေးပေါက် ရင်ကွဲတံခါး အမျိုးအစားဖြစ်ပါတယ်.။
Apple Car အဖြစ်ပြောင်းလဲထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ BMW i3 ဟာ လျှပ်စစ်ကားအမျိုးအစား ဖြစ်တဲ့အတွက် လျှပ်စစ်ကားတွေရဲ့ သဘောတရားအတိုင်း မိုင်အနည်းငယ်သာ မောင်းနှင်နိုင်ပြီး လျှပ်စစ်အားပြန်သွင်းဖို့လိုမှာဖြစ်ပါတယ်.။ ဒီအချက်ကို ဖြေရှင်းဖို့ BMW ဟာ i3 ရဲ့ Extended Model တစ်ခုကို ထုတ်လုပ်ထားပါတယ်.။ ဒီ မော်ဒယ်မှာ လောင်စာဆီထည့်သွင်းနိုင်တဲ့ မော်တာတစ်လုံးပါဝင်ပြီး ဒီမော်တာဟာ လျှပ်စစ်ဂျင်နရေတာကို အားပြန်လည်ဖြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်.။ ဒီ Extended Model ကားဟာ မိုင် 150 မောင်းနှင်နိုင်မှာဖြစ်တယ်လို့ BMW က ဆိုပါတယ်.။
Google ဟာလဲ Self-driving Car Project ကို စမ်းသပ်မောင်းနှင်နေခဲ့တာ အများသိပြီးဖြစ်ပါတယ်.။ Apple ဟာ ဒီဈေးကွက်ထဲမှာ Google ကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုကြိုးစားလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်.။
Ref: Business Insider
Written by: အောင်မွန်ချမ်း
No.1 Car Site in Myanmar