Ford ကုမ္ပဏီမှ ၎င်းတို့လက်ရှိ တပ်ဆင်ထားသည့် Infotainment System အတွင်း Apple CarPlay နှင့် Android Auto စနစ်များကို ပေါင်းစပ်ပေးသွားမှာဖြစ်ပြီး ကားရဲ့စနစ်အတွင်း စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုမှုများနဲ့ သီချင်းနားထောင်မှုများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်.။
လက်ရှိထုတ်လုပ်ထားပြီးကားမော်ဒယ်များနှင့် မော်ဒယ်အသစ်များအနက် Sync 3 စနစ်တပ်ဆင်ထားသော မော်ဒယ်များတွင် Apple နှင့် Android Dashboard စနစ်များ အသုံးပြုနိုင်မှာဖြစ်ပြီး 2017 ခုနှစ်မော်ဒယ်များတွင်မူ Standard အဖြစ် စတင်ပါဝင်လာမှာဖြစ်ပါတယ်.။
အဆိုပါစနစ်များ တပ်ဆင်ထားတဲ့အတွက် Sync 3 ကို အသုံးပြုပြီး အသံနဲ့ ခိုင်းစေချက်များဖြစ်တဲ့ Siri ကို သိလိုသည်များ မေးမြန်းခြင်း၊ လမ်းကြောင်းများမေးမြန်းခြင်းနှင့် သီချင်းဖွင့်ခိုင်းခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်.။ ဒါ့အပြင် LTE နှင့်လဲ ချိတ်ဆက်နိုင်တဲ့အတွက် ကားတံခါးလော့ခ်ဖွင့်ခြင်း၊ စက်နှိုးခြင်း၊ လောင်စာဆီစစ်ဆေးခြင်းနဲ့ ပါကင်နေရာရှာဖွေခြင်းတို့ကိုလဲ စမတ်ဖုန်းမှတဆင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်.။
ဒါတွေအပြင် ခရီးသွားလာမှုတွေအတွက် အကြံဥာဏ်ပေးခြင်း၊ အနီးအနားမှ ပွဲများ၊ ကားအက်ဆီးဒင့်ဖြစ်စဉ်များ၊ စားသောက်ဆိုင်နှင့် ကလပ်များ အစရှိသည်တို့ကိုလဲ ရှာဖွေပေးနိုင်ပါတယ်.။ 2020 ခုနှစ်မှာ Sync 3 တပ်ဆင်ထားတဲ့ ကားပေါင်း 43 သန်းအထိရှိလာမယ်လို့ Ford ကုမ္ပဏီမှ ခန့်မှန်းထားပါတယ်ခင်ဗျာ.။
Ref: The Next Web
www.carsdb.com
No. 1 Car Site in Myanmar