Wall Street Journal ၏ သတင်းပေးပို့ချက်တစ်ခုတွင် Apple ကုမ္ပဏီအနေဖြင့် ယခုလက်ရှိ လျှပ်စစ်ကားထုတ်လုပ်မှု project တွင် ဝန်ထမ်း 600 ကျော်ခန့်အပ်ထားပြီး ဖြစ်ပြီး ဝန်ထမ်းအင်အားကို (၃) ဆအထိ တိုးမြှင့်ခန့်ထားဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်.။ Apple မှ ထုတ်လုပ်မယ့် ကားနဲ့ပတ်သက်တဲ့ Project ကို "Project Titan" ဟု အမည်ပေးထားပြီး Google မှ ထုတ်လုပ်မယ့် အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားအမျိုးအစား မဟုတ်ဘဲ လျှပ်စစ်ကားအမျိုးအစားသာဖြစ်ကြောင်း WSJ က ဆိုပါတယ်.။
ကားလောကအတွင်း Apple ကုမ္ပဏီရဲ့ ခြေလှမ်းသစ်ချဲ့ထွင်မှုဟာ ကားလောကကို အနည်းငယ်လှုပ်ခတ်သွားစေနိုင်မှာဖြစ်ပေမယ့် Tesla Motors ကဲ့သို့ ကုမ္ပဏီများကို ကာလကြာရှည်စွာ ခြိမ်းခြောက်နိုင်မှာတော့ မဟုတ်ဘူးလို့ လေ့လာသူများက သုံးသပ်ကြပါတယ်.။
Apple ကုမ္ပဏီအနေနဲ့ ကားထုတ်လုပ်ဖို့ စဉ်းစားနေခဲ့တာ အချိန်ကာလတစ်ခုရှိသွားပြီဖြစ်ပြီး Project ရဲ့ အရွယ်အစားကို ပိုမိုချဲ့ထွင်ခြင်း၊ California ပြည်နယ် အာဏာပိုင်များနဲ့ ဆွေးနွေးခြင်း၊ ကားစမ်းသပ်မောင်းနှင်နိုင်မယ့် မြေနေရာများ ငှားရမ်းခြင်း အစရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်နေခဲ့ပြီးကြောင်းလဲ သိရပါတယ်.။
Written by: အောင်မွန်ချမ်း
Ref: Wall Street Journal