Full article

ပြည်သူများ ခရီးသွားလာရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် Android စနစ်သုံး မိုဘိုင်းဖုန်းများနှင့် iOS စနစ်သုံး Mobile Tablet များတွင် လွယ်လင့်တကူ တပ်ဆင်ထားနိုင်မည့် လမ်းတံတားဆိုင်ရာ အချက်အလက်ပြစနစ်ကို မေလအတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း 'ဆောက်လုပ်ရေး ဝန်ကြီးဌာန'မှ သတင်းရရှိသည်။ MapmyIndia-CarPad

အဆိုပါ လမ်းတံတားဆိုင်ရာ အချက်ပြ လမ်းညွှန်စနစ် (RBIS- Road and Bridge Map Information System)မှာ Google Map ကို အခြေခံ ရေးဆွဲထားသည့် G2C (Government to Citizens) ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ၎င်းစနစ် တပ်ဆင်ထားခြင်းဖြင့် မိမိသွားရောက်လိုသည့် ခရီးအကွာအဝေး၊ လမ်းခရီးတစ်လျှောက် ဖြတ် သန်းရမည့် အနေအထားနှင့် Toll Gate များတွင် ကောက်ခံမှုနှုန်းထား စသည့် အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ "လက်ရှိမှာတော့ သက်ဆိုင်ရာ Data အချက်အလက်တွေကို ထည့်သွင်းနေပြီး အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်၊ ဒီ Application ကို ၂ဝ၁၄ ခုနှစ်၊ မေလအတွင်းမှာ အများပြည်သူ အသုံးပြုနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လမ်း၊ တံတားဆိုင်ရာ အချက်အလက်ပြစနစ် ရေးဆွဲပြီးစီးပါက အဆိုပါ Application အား Google Play Store နှင့် Application Store တို့တွင် Free Download ရယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author