Full article

နယူးယောက်မြို့ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးညက RM Sotheby လေလံပွဲမှာ ထူးခြားပြီး လှပတဲ့ ရှေးဟောင်း ကား ၃၁ တစ်စီးကို လေလံတင်ရောင်းချခဲ့ပါတယ်။ ထို ၃၁ စီးထဲမှာမှ ဖယ်ရာရီ 290 ဖြစ်ပြီး တန်ဖိုး ဒေါ်လာ ၂၈ သိန်း နှင့် နှစ်တစ်နှစ်ရဲ့ တန်ဖိုးအကြီးဆုံးလေလံကားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ သူကတော့ ၁၉၅၆ ခုနှစ်တွင် Juan Manuel Fagio ဆိုတဲ့ ပြိုင်ကားမောင်းသမားမောင်းဖို့အတွက် ထိုကားကို တည်ဆောက်ခဲ့ပြီး F1 ကားမောင်းပြိုင်ပွဲရဲ့ ချန်ပီယံ Phil Hill နှင့်လည်း တောက်ပတဲ့ အတိတ်ဟောင်းတွေရှိခဲ့တဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။

ဒီ ကားလေလံဆွဲပွဲရဲ့ ပထမဆုံးပွဲတော့ မဟုတ်ပါဘူး။ ထိုပွဲကို လာတဲ့သူတွေဟာ သမိုင်းရှိခဲ့ပြီး ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့ လှပခဲ့တဲ့ ကားတွေဟာ ရှေးလူကြီးတွေအတွက် ပိုမိုဆွဲဆောင်နိုင်မယ်လို့ ထင်ရပေမယ့် ကားတွေကိုရူးသွပ်နေတဲ့ ကားချစ်သူ လူကြီး လူငယ် အားလုံးတက်ရောက်ခဲ့ပါတယ်။

ပြပွဲခန်းမထဲသို့ လျှောက်လာလိုက်တာနဲ့ အရောင်တွေစုံလင်လှတဲ့ Lamborghini ကားတွေက နှုတ်ခွန်းဆက်နေခဲ့ပြီး 1972 ထုတ် Lamborghini Miura P400 SV ကားကတော့ ဆွဲဆောင်မှု အပြည့်ပါပဲ။ ပြပွဲရဲ့ ထောင့်တစ်နေရာမှာတော့ ၁၉၆၄ ခုနှစ်ထုတ် ထူးခြားတဲ့ ဆေးရောင်စုံတွေနဲ့ Porsche 356SC ကိုပြသထားခဲ့ပါတယ်။

ကဲ ဘယ်ရှေးဟောင်းကားတွေ လေလံအောင်ခဲ့လဲ ဘာကားအမျိုးအစားလေးတွေလည်း ဆိုတာကိုတော့ အောက်မှာပြထားတဲ့ ပုံတွေထဲ ကြည့်လိုက်ရအောင်........

1938 Bugatti Type 57C Atlante

1938 Bugatti Type 57C Atlante

Lamborghinis

1972 Lamborghini Miura P400 SV

1964 Porsche 356SC Cabriolet, Janis Joplin's legendary ride

1962 Aston Martin DB4GT by Zagato

1962 Aston Martin DB4GT by Zagato

1958 Ferrari 250 GT Cabriolet Series by Pininfarina

1955 Mercedes_Benz 300 SL Sportabteilung Gullwing

Author