အမေရိကန်နိုင်ငံရှိ IIHS၏ သုသေတနပြုချက်အရ ယာဉ်မတော်တဆမှုဖြစ်လျှင် လူအသေအပျောက်အ နည်းဆုံးကားများစာရင်းတွင် BMW, Mercedes, Toyota, Mazda,Chevrolet,Ford စသည့် Brand များပါဝင်

0

Full article

![](/redline/content/images/2017/05/bbbb-300x200.jpg)

အမေရိကန်နိုင်ငံရှိ IIHS (Insurance Institute for Highway Safety)၏ သုသေတနပြုချက်အရ ယာဉ်မတော်တဆမှုဖြစ်လျှင် အသေအပျောက်အနည်းဆုံးကားများစာရင်းတွင် BMW, Mercedes, Toyota, Mazda, Chevrolet, Ford စသည့် Brand များပါဝင်ကြောင်း သိရသည်။ အဆိုပါသုတေသနကို အမေရိကန် နိုင်ငံတွင်မှတ်ပုံတင်ထားသော 2014 model နှင့်အောက် ကားများအား အခြေခံပြီး ပြုလုပ်ထားခြင်းလည်းဖြစ်ပြီး 2012 ခုနှစ်မှ 2015 ခုနှစ် အတွင်းဖြစ်ပွား ခဲ့သော နိုင်ငံတွင်းယာဉ်မတော်တဆမှုများတွင်ပါဝင်ခဲ့သော ကားများ၏လူ အသေအပျောက်များကို တွက်ချက်ထားခြင်းဖြစ်သည်။ထိုသို့တွက်ချက်ရာတွင် ယာဉ်မောင်းသေဆုံးမှုကို သာအခြေခံ ထားခြင်းဖြစ်ပြီး SUV, Crossover, Luxury ကဲ့သို့သောကားများက အသေအပျောက်အနည်းဆုံး စာရင်းတွင်ပါဝင်ခဲ့သည်။

ထို Car Model များတွင် Audi A6 four-wheel-drive, Audi Q7 4WD, BMW 535i two-wheel-drive, BMW 535xi 4WD, Jeep Cherokee 4WD, Lexus CT 200h, Lexus RX 350 2WD, Mazda CX-9 2WD, Mercedes-Benz M-Class 4WD, Toyota Tacoma double-cab long-bed 4WD, Volkswagen Tiguan 2WD များပါဝင်ပြီး အဆိုပါကားများမှာ ယာဉ်တိုက်မှုဖြစ်ရာတွင် Driver လုံးဝအသေအပျောက်မရှိခဲ့ပေ။

ထို့အပြင် Ford Explorer 4WD, Chevrolet Suburban 1500 2WD, Mercedes-Benz GLK-Class 4WD, Nissan Pathfinder 4WD စသည့် Car Models များမှာလည်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာတွင် Driver သေဆုံးမှုနှုန်းအလွန်နည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ အသေးစိတ်အချက်အလက်များကို ကြည့်ရှုလိုပါအောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ http://bit.ly/2qVr0Fz

စာရေးသူ – ကျော်သူရ

Photo Credit

www.cars.com

www.carsdb.com

No.1 Car Site in Myanmar

Author