လာမည့်စာသင်နှစ်တွင် ကျောင်းကားအဖြစ် ဝင်ရောက်ပြေးဆွဲမည့်ကားများ လုပ်ငန်းလိုင်စင် ပြုလုပ်ပြီးမှ ဝင်ရောက်ပြေးဆွဲခွင့်ပြုမည်

0

Full article

လာမည့် ၂ဝ၁၉-၂ဝ၂ဝ စာသင်နှစ်ကစ၍ ကျောင်းကားအဖြစ် ဝင်ရောက်ပြေးဆွဲမည့်ကားများ အားလုံးလုပ်ငန်းလိုင်စင် ပြုလုပ်ပြီးမှသာ ဝင်ရောက်ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

ကျောင်းကားစနစ် တွင် လိုက်ထရပ်ကားများကို ပြေးဆွဲခွင့်မပြုတော့ဘဲ ကားများအားလုံး အဝါရောင်ဖြစ်ရမည်ဖြစ်ရာကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားရှိသော သတ်မှတ်ချက် ၁၂ ချက် ပါရှိရမည်ဖြစ်ပြီး သတ်မှတ်ချက်များအတိုင်း ကျောင်းကားပြေးဆွဲရတော့မည်ဖြစ်တယ်လို့ သိရသည်။

"လာမယ့်စာသင်နှစ်ကစပြီး ကျောင်းကားတွေအားလုံး အဝါရောင် ဖြစ်ရပါမယ်။ ကျောင်းကားစနစ်မှာ ပြေးဆွဲမယ့် ကားအားလုံးကို လုပ်ငန်းလိုင်စင် မဖြစ်မနေ လုပ်ထားရမယ်။ တစ်ချိူ့ကားတွေက အရင်က လုပ်ငန်းလိုင်စင် မရှိကြတာ များလို့ သတ်မှတ်ထားတာပါ။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းကား၏ အရှေ့အနောက်များတွင် school bus စာလုံးနှင့်   ဘေးဘက်တွင် ကျောင်းအမည်နှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို ထင်ရှားစွာ ရေးသားထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်ကား ပေါ်တွင် ရှေးဦးသူနာပြု first aid box နှင့် အရေးပေါ်သုံး မီးသတ်ဆေးဘူး ၂ ဘူး ပါရှိရမည်ဖြစ်ပြီး ယာဉ်မောင်းသူသည် "ဃ "လိုင်စင်ရရှိထားသူသာ မောင်းခွင့်ရှိ၍အမြန်နှုန်း ကီလို ၄ဝ ထက် ပိုမိုမောင်းနှင်ခွင့် မရှိဘဲ အဌားယာဉ် ကျောင်းကြို့ပို့ လုပ်ငန်းသုံးယာဉ်အဖြစ် လုပ်ငန်းလိုင်စင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

Public Transportation

Author