လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာရုံးများအားလုံး ခေတ္တပိတ်သိမ်း

0

Full article

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါမကူးစက်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများအားလုံးကို ခေတ္တပိတ်ထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လူစုလူဝေးကြောင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါမကူးစက်စေရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ငန်းများကို ၂၅. ၃. ၂၀၂၀ ရက်နေ့မှ စတင်ပြီး ရပ်နားထားကာ၊ ကနဦးရုံး (ထောက်ကြံ့) ၏ လုပ်ငန်းများကို ၂၆.၃.၂၀၂၀ ရက်နေ့မှ စတင်ပြီး ရပ်နားသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ပြန်လည်ဖွင့်လှစ်မည့် နေ့ရက်များကို ထပ်မံကြေညာသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၃.၃.၂၀၂၀ ရက်နေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်းများနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆို၊ စစ်ဆေးခြင်းများကို ရပ်ဆိုင်းခဲ့ပြီး ယခုအခါ လုပ်ငန်းအားလုံးကို ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းသိရသည်။

Author