ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ Rest Camp များတွင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်များကို ပိတ်ပင်သွားမည်

0

Full article

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ Rest Camp များတွင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။


လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် အမြန်လမ်းမကြီး တစ်လျှောက်ရှိ Rest Camp များတွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ပိတ်ပင်လိုက်သော်လည်း အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်သွားလာမှုကို ပုံမှန်အတိုင်း သွားလာခွင့်ပြုထားကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။ ခရီးသွားပြည်သူများအနေဖြင့် အပေါ့၊ အလေး စသည့်ကျန်းမာရေးကိစ္စများဖြေရှင်းနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲစခန်းနှင့် ရဲကင်းများတွင် အသင့်ပြင်ဆင်ထားကြောင်းကိုလည်း အသိပေးထားကြောင်းသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့တွင် လမ်းမကြီးတစ်လျှောက် ရဲစခန်း (၁၆) ခုနှင့် ရဲကင်း (၄၂) ခု တွင် ခရီးသွားပြည်သူများ၏ ကျန်းမာရေးကိစ္စများအတွက် အသင့်ပြင်ဆင်ထားကြောင်းလည်းသိရသည်။

Author