ပြည်ပမှ တင်သွင်းလာသောကားများအားလုံးကို ယနေ့မှစ၍ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံသွားမည်

0

Full article

ပြည်ပမှ တင်သွင်းလာသောကားများအားလုံးကို ယနေ့မှစ၍ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနကသိရပါတယ်။ ပြည်ပနိုင်ငံများက တင်သွင်းယာဉ်များကို ပြန်လည်ရောင်းချမည့်ကားများ အားလုံးကို ၂ ရာခိုင်နှုန်း ကောက်ခံတာဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန ကကြေငြာပြီးသားဖြစ်တယ်လို့သိရပါတယ်။ ပြည်ပက တင်သွင်းတဲ့ကားတွေရော ပြန်ရောင်းမယ့်ကားတွေပါ ဒီနေ့ကစပြီး၂ ရာခိုင်နှုန်း ကောက်နေပါတယ်။ ပြည်တွင်း မှာရောင်းချရန်အလို့ဌာလို့ ဖော်ပြထားပါတယ်။ ပြည်တွင်းအခွန်ကကောက်တာပါလို့အကောက်ခွန်ရုံးကပြောပါတယ်။ ယခင်က ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းထားတဲ့ကားတွေကိုသာ ကောက်ခံတာဖြစ်ပြီး ယနေ့မှစပြီး ပြန်လည်ရောင်းချမယ့်ကားတွေကို ၂ ရာခိုင်နှုန်း ကောက်တာဖြစ်ပါတယ်။

ခေတ်သစ်

Photo Credit

Author