ကားအရောင်းစင်တာ ၂ဝဝ ခန့်တွင် အရောင်းစင်တာ ၇ဝ နီးပါးပိတ်သိမ်း ၂ဝ၁၉ တွင် အရောင်းစင်တာ အားလုံး ပိတ်သိမ်းဖွယ်ရှိနေ

0

Full article

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒသတ်မှတ်ချက်တွင် ၂ဝ၁၈ ခုနှစ်မှစ၍ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုထား၍ တစ်ပတ်ရစ် ဂျပန်နိုင်ငံထုတ်ညာမောင်းကားများတင်သွင်းရောင်းချနေသည့် ကားအရောင်းစင်တာ ၂ဝဝ နီးပါးအနက် အရောင်းစင်တာ ၇ဝ နီးပါး ပိတ်သိမ်းခဲ့ပြီး လာမည့်၂ဝ၁၉ တွင် အရောင်းစင်တာ အားလုံး ပိတ်သိမ်းဖွယ်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

တစ်ပတ်ရစ်ကားများတင်သွင်းခွင့်မရှိတော့သည့်အတွက် ကားအရောင်းစင်တာ များပိတ်သိမ်းရန် တင်ပြလာရာ အရောင်းစင်တာပိတ်သိမ်းရန် သက်ဆိုင်ရာဌာနသို့အရောင်းစင်တာပိတ်သိမ်းမည်ဖြစ်ကြောင်း တင်ပြ၍ ငွေစာရင်းရှင်းတမ်းများ deposit ထားရှိခြင်း၊ အခွန်ကိစ္စရှင်းလင်းစေခြင်း၊မော်တော်ယာဉ်များလက်ကျန်၊ရောင်းချ၊ငွေလွဲလက်ကျန် စာရင်းရှင်းလင်းစေခြင်းတို့အားပြုလုပ်ပြီးမှသာအရောင်းစင်တာ ပိတ်သိမ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"ကားအရောင်းစင်တာအားလုံး ၂ဝဝ လောက်ဖွင့်ထားတာက အခုထိ အရောင်းစင်တာ ပိတ်သိမ်းလိုက်တာ ၇ဝ လောက်ရှိပါတယ်။အရောင်းစင်တာပိတ်သိမ်းမယ်ဆိုရင် ငွေစာရင်းရှင်းတမ်းတွေ ပြီးပြတ်အောင်လုပ်ဆောင်ရမယ်။ ပြည်ပကုမ္ပဏီနဲ့ consignment (အပ်ကုန်စနစ်) နဲ့ တင်သွင်းပြီးတော့ စာရင်းရှင်းတာတွေ လုပ်ဆောင်ပီးမှ ပိတ်သိမ်းလို့ရမယ်။၂ဝ၁၉ လောက်ဆိုရင် အရောင်းစင်တာအားလုံးပိတ်သွားနိုင်တယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုပါသည်။

ပြီးခဲ့သော လများတွင်လည်း အရောင်းစင်တာ စည်းကမ်းချက်မကိုက်ညီသော  ကားအရောင်းစင်တာမရှိ ၊သိုလှောင်ရုံမရှိသည့် ကားတင်သွင်းမှုပြုလုပ်ခဲ့သော ကုမ္ပဏီ ၇၇ ခု ကို သတ်မှတ်စည်းကမ်းချက် မကိုက်ညီ၍ အရောင်းစင်တာ ပိတ်သိမ်းရန်သတ်မှတ်ထားခဲ့ကြောင်းသိရသည်။

Market

Author