ကားမောင်းသူများကို အရက်သေစာသောက်ခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးမှုပြလုပ်နေ

0

Full article

မော်တော်ယာဉ်မောင်းနှင်သူများကို အရက်သေစာ သောက်စားခြင်းရှိမရှိ အရက်မူးတိုင်းကိရိယာ (alchohol Tester) များဖြင့် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေလျက်ရှိသည်။

ထိုသို့ ရှောင်တခင်စစ်ဆေးခြင်းကို ပညာပေးကာလပြီးဆုံးပါက ထိရောက်စွာ ဒဏ်ရိုက်အရေးယူသွားမည်ဖြစ်သည်။မော်တော်ယာဉ်များအား စစ်ဆေးရာတွင် ခရီးသည်တင်ယာဉ်များကို အဓိကထား စစ်ဆေးနေလျှက်ရှိပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကိုပါ တင်းကြပ်စွာကိုင်တွယ်မည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့တဲ့လကစပြီး စစ်ဆေးနေပါတယ်။ အရက်မူးတိုင်းကိရိယာနဲ့ အရက်သေစာသောက်စားမှုရှိမရှိ ယာဉ်စည်းကမ်းကိုက်ညီအောင် အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမှာပါ။ ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူနှစ်ဦးကပြောသည်။

စစ်ဆေးရေးအဖွဲ့များကို ယာဉ်စည်းကမ်းဖောက်ဖျက်မှု အများဆုံးဖြစ်နိုင်သည့် နေရာများတွင် အဖွဲ့များဖွဲ့၍ စစ်ဆေးရာ အသိသက်သေများကိုလည်း ထည့်သွင်းထားရှိကြောင်းသိရသည်။

ခေတ်သစ်

Author