Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာ ယာဉ်မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေအရ အများဆုံး ထောင်ဒဏ်တစ်နှစ်အထိ ကျခံစေ မည် ဖြစ်ကြောင်း

2

'အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ သတင်း ရရှိသည်။ မော်တော်ယာဉ်အား အရက် သေစာသောက်စား၍ ဖြစ်စေ၊ အရှိန်ပြင်းစွာ မောင်းနှင်၍ဖြစ်စေ၊ ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်၍ ဖြစ်စေ၊ မော်တော်ယာဉ် အာမခံထားရှိခြင်း မရှိသည့် သက်တမ်းပျက်ယာဉ်နှင့် အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်တွင် မောင်းနှင်ခြင်း များအား ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ "အရက်သေစာ မူးယစ်သောက် စားထားတယ်၊ မထားဘူး ဆိုတာကို စစ်ဖို့အတွက် Alcohol တွေကို အသုံးပြုမယ်၊ အရှိန်ပြင်း မောင်းနှင်တာတွေကို စစ်ဆေးဖို့ အမြန်နှုန်းတိုင်း ကိရိယာတွေကို အသုံးပြုဆောင်ရွက်သွားမှာပါ၊ စစ်ဆေးမှုကို မကြာမီအမြန် ဆုံးဆောင် ရွက်သွားမှာပါ"ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်၌ မဆင်မခြင် မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေ ပုဒ်မ(၂၁) အရ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေ (၅ဝဝ) အထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်ပြီး ယင်းပြစ်မှုအား တစ်နှစ် အတွင်း ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ငါးရာမှ ၁,၅ဝဝ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်ကြောင်း သိရ သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အရက်သေစာ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခဲ့သူ တစ်ဦးအား ထောင်ဒဏ် တစ်လချမှတ် အရေးယူ ဆောင်ရွက်မှုပြုခဲ့ ပြီး ယခုနောက်ပိုင်း၌ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေနိုင်မှုကို မကြာမီကာလအတွင်း ဆောင်ရွက်မည် ဖြစ်သည်ဟု အထက်ပါ ဌာနမှ သိရသည်။

Ref : Automobile

Author