လေဆိပ်မှ ဘူတာကြီးအထိ airport shuttle အမြန်ယာဉ်လိုင်းသစ် ယခုလ ၂၅ ရက်မတိုင်ခင် ပြေးဆွဲမည်

0

Full article

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီး အထိ airport shuttle အမြန်ယာဉ်လိုင်းသစ်ကို ယခုလ ၂၅ ရက်မတိုင်ခင် ကားအစီးရေ ၅ဝ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

ထိုကဲ့သို့ airport shuttle အမြန်ယာဉ်လိုင်းသစ်ကို Omni Focus ကုမ္ပဏီမှ ကားအစီးရေ ၅ဝ ဖြင့် စမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်ရာ ခရီးစဉ်တစ်လျှောက်တွင် မှတ်တိုင် ၁၈ ခုသာ ရပ်နားသွားမှာ ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း မကြီးအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" လေဆိပ်ကနေ ဘူတာကြီးအထိ airport shuttle ယာဉ်လိုင်းကို ဒီလ ၂၅ ရက်မတိုင်ခင် ပြေးဆွဲပေးမယ်။ ပြေး ဆွဲမယ့်ကားတွေကို စတေကာကပ်တာတွေ ယာဉ်မောင်းတွေ အားလုံးအဆင့်သင့်ဖြစ်နေပါပြီ။ ကမ္ဘာအေးလမ်း တစ်လျှောက် မှတ်တိုင် ၁၈ ခုပဲ ရပ်နားပြီး ခရီးသည်အတင်အချလုပ်မှာပါ။"ဟု Omni Focus ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

ဆူးလေ ဘူတာကြီး -ရန်ကုန်လေဆိပ် အထိ တိုက်ရိုက်ပြေးဆွဲပေးမည့် အမြန်ယာဉ်လိုင်းသစ်မှာမြို့တွင်း မှ လေဆိပ်သို့ ပြေးဆွဲမည့် ပထမဆုံး ယာဉ်လိုင်းဖြစ်ပြီး ထပ်မံ၍ ယာဉ်လိုင်းသစ်များ တိုးချဲ့ပြေးဆွဲသွားရန် YRTA သို့တင်ပြထားရှိကြောင်း သိရသည်။

Regulation

Author