Airport Shuttle အထူး ယာဉ်လိုင်း ကားအစီး ၅ဝဖြင့် မတ်လအတွင်း ပြေးဆွဲသွားရန်ရှိ

0

Full article

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘူတာကြီး အထိ ပြေးဆွဲပေးမည့် airport shuttle တိုက်ရိုက် အမြန် ယာဉ်လိုင်းမှာ ယာဉ်မောင်းမရသေး၍ မတ်လအတွင်းမှသာ ပြေးဆွဲပေးရန်ရှိကြောင်း Omni Focus ကုမ္ပဏီက သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအနက် အမြန်ယာဉ်လိုင်းအဖြစ် ဆူးလေ-ရန်ကုန်လေဆိပ်ကို ယာဉ်စီးရေ ၅ဝ ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကာ လက်ရှိတွင် ယာဉ်များကို စတစ်ကာများကပ်နေပြီး ဂိတ်ဝန်ထမ်းများ၊ ယာဉ်မောင်းများ ခန့်အပ်ရန် အလုပ်ခေါ် ယူလျက်ရှိကြောင်း သိရသည်။

"လေဆိပ်က ဘူတာကြီးအထိ ပြေးဆွဲဖို့က မတ်လဆန်းမှာ ပြေးနိုင်အောင်ဆောင်ရွက်နေတယ်။ အဓိက ယာဉ်မောင်း တွေ မရှိသေးလို့။ ဒီလိုင်းအတွက် ယာဉ်မောင်းကောင်းတွေ ရှာနေတာပါ" ဟု Omni Focus ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

ရန်ကုန်လေဆိပ်နှင့် ဘူတာကြီးအထိ ဘတ်စ်ကားမှတ်တိုင် ၁၇ ခု လျာထားရာမှ မှတ်တိုင် ၁ဝ ခုသာ ထားရှိမည်ဖြစ် ကြောင်း သိရသည်။

Regulation

Author