လေဆိပ်မှ ရန်ကုန် ဘူတာကြီးအထိ airport shuttle အထူးယာဉ် အစီး ၅ဝ ပထမဆုံး ပြေးဆွဲပေးမည်

0

Full article

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် ဘူတာကြီးအထိ airport shuttle အထူးယာဉ် အစီး ၅ဝ ပထမဆုံး ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ က သိရသည်။

ထိုကဲ့သို့ လေဆိပ်မှ ရန်ကုန်ဘူတာကြီးသို့ ပြေးဆွဲပေးမည့် ယာဉ်လမ်းကြောင်းများက ရန်ကုန်လေဆိပ်ကနေ ရှစ်မိုင်လမ်းဆုံ ၊ ချောတွင်းကုန်းလမ်းဆုံနှင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း အောင်ဆန်းကွင်း ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲပေးမှာဖြစ်ရာ မှတ်တိုင်တိုင်းတွင် ရပ်တန့်ပေးမှာ မဟုတ်ကြောင်းသိရသည်။

"လေဆိပ်ကနေ ဘူတာကြီးကို အထူးယာဉ် ပြေးဆွဲပေးဖို့ရှိတယ်။ မှတ်တိုင်အားလုံးတော့ ရပ်မှာမဟုတ်ဘူး။ အမြန်ယာဉ်သဘောမျိုးနဲ့ ပြေးဆွဲပေးမှာပါ။ Omini focus ကုမ္ပဏီ က ပြေးဆွဲပေးမှာ"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုပြေးဆွဲပေးမည့် airport shuttle bus အထူး ယာဉ်လိုင်းမှာ ပထမဆုံး ပြေးဆွဲပေးသော ယာဉ်လိုင်းဖြစ်ရာ နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားပြည်သူတွေ အဆင်ပြေနိုင်ပြီး ယာဉ်စီးခကို မသတ်မှတ်ရသေးကြောင်း သိရ သည်။

Author