မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းကို ဒီဇင်ဘာလကုန်တွင် လေအိတ် ရထားဖြင့် ပြေးဆွဲပေးမည်

0

Full article

ရထားစီးနင်းသည့် ခရီးသည်များ သက်တောင့်သက်သာသွားလာနိုင်စေရန် ရည်ရွယ်ကာ မန္တလေး – မြစ်ကြီးနား မီးရထားလမ်းပိုင်းကို ဒီဇင်ဘာလကုန်တွင် လေအိတ်ရထားဖြင့် ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထား နေပြည်တော် (ရုံးချုပ်)က သိရသည်။

လက်ရှိ်ပြေးဆွဲနေသော မန္တလေး – မြစ်ကြီးနား မီးရထားများ ရပ်နားနေသည့် ဘူတာအရေအတွက်အတိုင်းပြေးဆွဲသွားမည်မဟုတ်ပဲ ဘူတာလျော့၍ ပြေးဆွဲပေးသွားမည်ဖြစ်သည့် အပြင် မီးရထားခ လက်မှတ် နှုန်းထားများလည်း ယခင်နှုန်းထက်ပိုမို၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

"မန္တလေး – မြစ်ကြီးနား မီးရထားလမ်းပိုင်းကို လေအိတ်ရထားနဲ့ ဒီဇင်ဘာလ အကုန်မှာ ပြေးဆွဲသွားပါ့မယ်။ မန္တလေး – မြစ်ကြီးနားလမ်းကဘူတာကတော့ ၅ ဘူတာလောက် ပဲရပ်တာ။ ရထားလက်မှတ်ခ ကိုတော့ ပြောင်းသွားမယ် ။လေအိတ်ရထားဖြစ်တဲ့အတွက် ရထားလက်မှတ်ခ ကိုတော့ ပြောင်းလဲသတ်မှတ်သွားမှာပါ။ အရင်နှုန်းထားထက်တော့ နည်းနည်းလေး မြင့်သွားမယ်။ ဈေးနှုန်းတွေကို အသိပေးကြေငြာတာလုပ်ပေးပါ့မယ်။"ဟုမြန်မာ့မီးရထားနေပြည်တော် (ရုံးချုပ်)က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေး – မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်လက်ရှိပြေးဆွဲနေသော အဆန် အမှတ်၃၇၊အစုန်အမှတ် ၃၈၊အဆန် အမှတ်၅၅ ၊ အစုန်အမှတ် ၅၆ ၊ အဆန် အမှတ်၅၇ ၊အစုန်အမှတ် ၅၈ ၊ အိပ်စင်သီးသန့်ရထားအဖြစ် ပြေးဆွဲပေးနေသော အဆန် အမှတ်၃၃ ၊ အစုန် အမှတ် ၃၄ တို့ကိုလည်း ရပ်နားသွားမည် မဟုတ်ဘဲ ယခင်ပြေးဆွဲချိန်များအတိုင်း ပုံမှန်ပြေး ဆွဲသွားမှာ ဖြစ်ကြောင်း သိရသည်။

Public Transportation

Author