Full article

ကားမတော်တဆဖြစ်မှုများတွင် အနည်းနှင့်အများ လုံခြုံမှုပေးနို်င်သော Air Bag များမှာ ကား Brand အပေါ်မူတည်၍ အလုံးရေပါရှိမှုကွဲပြားသွားကြောင်း သိရသည်။

3512417857_a29e144afd

Air Bag များ၏ Error ဖြစ်မှုကို သတိပေးသောမီးများပါရှိပြီး ထိုအချက်အား ကားအသုံးပြုမောင်းနှင်သူများမှ ကောင်းစွာသတိထားသင့်ကြောင်း ကားမက္ကင်းနစ်ပညာရှင်တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံရှိ ကားအသုံးပြုသူအများစုမှာ အများအားဖြင့် လုံခြုံရေးခါးပတ်ပတ်ထားခြင်းမရှိဘဲ မောင်းနှင်ကြပြီး ပြည်ပနိုင်ငံအများစုတွင် Taxi ဒရိုင်ဘာမှ အစ လုံခြုံရေးခါးပတ်များပတ်၍ မောင်းနှင်ကြပြီး ထိုအချက်ကိုလည်း မောင်းနှင်အသုံးပြုသူများအနေဖြင့် သတိပြုစေချင်ကြောင်း သုံးသပ်ပြသည်။

ကားမတော်တဆဖြစ်ပွားသည့် အချိန်တွင် ခါးပတ်ပတ်၍ မောင်းနှင်ပါက ခါးပတ်တွင်ပါရှိသော Chemical Gas ၏ အားဖြင့် ခါးပတ်အားဆွဲတင်းချလိုက်ပြီး မောင်းနှင်နေသော ဒရိုင်ဘာမှာရှေ့သို့ စိုက်ကျသွားခြင်းမျိုး မရှိတော့ပဲ ခါးပတ်ပတ်ထားသောအား၏ အကျိုးသက်ရောက်မှုကို ခံစားရနိုင်ကြောင်း သိရသည်။ စတီယာရင်တိုင်ခွက်ထဲတွင် ထည့်ထားသော Air Bag စနစ်နှင့် ခါးပတ်ဆွဲအားကြောင့် ထိုင်ခုံနှင့်ကိုယ်ကပ်လျှက်ဖြစ်စေကာ လုံခြုံမှုတစ်စိတ်တစ်ဒေသကို ပေးနိုင်ကြောင်း သိရသည်။

ယာဉ်၏ထုတ်လုပ်သည့်ပုံစံအရ Grade အလိုက် Air Bag အလုံးရေပါရှိမှု ကွာခြားနိုင်သော်လည်း AirBag အလုံးရေများများပါရှိပါက ပိုမိုလုံခြုံစိတ်ချမှုကိုဖြစ်စေနိုင်ပြီး Air Bag များပွင့်ထွက်ပြီးပါက နောက်ထပ်လုံးဝမသုံးသင့်ပဲ ကား၏ ချက်စီနံပါတ်အတိုင်း အတိအကျအား ကွန်ပျူတာဖြင့် ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Auto World Journal မှကူးယူဖော်ပြသည်။

Photo credit by JAK SIE MASZ

Author